လာမည့် အပတ်အတွင်း အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်မည့် ရွိုင်ယန်ဂစ်
မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြ ရွိုင်ယန်ဂစ်သည် ၎င်း၏အနာဂတ်ကို လာမည့် သီတင်းပတ်အတွင်း ဆုံးဖြတ်ချက်ချရန် မျှော်လင့်ထားကြောင်း သိရသည်။ အသက်၄၀နှစ်အရွယ်ရှိ ဂစ်သည် ပြီးခဲ့သောလက နည်းပြမိုယက်စ် မန်ယူအသင်းမှ ထွက်သွားခဲ့ရပြီးနောက် မန်ယူအသင်းကို ယာယီတာဝန်ယူ ကိုင်တွယ်ခဲ့သည်။ နယ်သာလန်အသင်းနည်းပြ လူးဝစ်ဗန်ဟားလ်သည် မန်ယူအသင်းကို ကိုင်တွယ်မည့် အလားအလာ ရှိနေပြီး ဂစ်သည် ကစားသမားဘ၀ သို့မဟုတ် အချိန်ပြည့်နည်းပြ အဖွဲ့ဝင်ဘ၀ကို ရွေးချယ်ရန် ဆုံးဖြတ်ရမည် ဖြစ်သည်။ “ကျွန်တော် လာမယ့်အပတ်အတွင်း ဆုံးဖြတ်သွားမှာပါ။ လာမယ့် အပတ်အတွင်းမှာ အုပ်ချုပ်ရေးပိုင်း အခြေအနေကို ရွေးချယ်မယ်လို့ ထင်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင်နေရာကို စဉ်းစားသွားမှာဖြစ်ပြီး ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဒါတွေက ကျွန်တော် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပိုင်ခွင့် အားလုံးက ကျွန်တော့်အတွက် လမ်းပွင့်နေပါတယ်။ ကျွန်တော် အစစအရာရာ ကြည့်ရှုစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ နည်းပြသစ် ခန့်အပ်လိုက်ပြီ ဆိုရင်တော့ ကျွန်တော် ခပ်မြန်မြန် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်”ဟု ဂစ်ကပြောကြားခဲ့သည်။
No comments:
Post a Comment