Wednesday, May 14, 2014

ဒုတိယအကြိမ် တောင်သူလယ်သမား (လယ်ယာကဏ္ဍ) ဂုဏ်ပြု တေးသီချင်း ပြိုင်ပွဲ ကြေညာချက်

၁။နိုင်ငံနှင့်အဝှမ်း ၇ဝ ရာခိုင်နှုန်းကျော်သော ကျေးလက်နေ တောင်သူ လယ် သမားကြီးများအား ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ကျေးလက်နေ မိဘပြည်သူများ အဓိက မှီခို အားထားရာ ဖြစ်သည့် လယ်ယာကဏ္ဍကြီး အရှိန်အဟုန် မြင့်မားစွာဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း၊ ပြည်သူလူထု တစ်ရပ်လုံး၏ အင်အားကို ရယူ၍ လယ်ယာကဏ္ဍကြီးကို ဖွံ့ဖြိုးတိုးတက် ခိုင်မာအောင် အားပေး မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များအားဖြင့် တေးရေး ဂီတအနုပညာရှင်များ သီကုံး ရေးစပ်သော ''ဒုတိယအကြိမ် တောင်သူလယ်သမား (လယ်ယာကဏ္ဍ) ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲ'' အား ကျင်းပ ပြုလုပ်လျက် ရှိနေပြီ ဖြစ်ပါသည်။
၂။တေးရေး ဂီတပညာရှင်များ၏ တောင်းဆိုချက် အရ ပထမဆု ကျပ်သိန်း ၅ဝ၊ ဒုတိယဆု ကျပ်သိန်း ၄ဝ၊ တတိယဆု ကျပ်သိန်း ၃ဝ၊ စတုတ္ထဆု ကျပ်သိန်း ၂ဝ၊ ပဉ္စမဆု ကျပ် ၁ဝ သိန်း အပြင် နှစ်သိမ့်ဆု တစ်ဆုလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် မူလက နှစ်သိမ့်ဆု ၁ဝ ဆု ချီးမြှင့်မည့်အစား နှစ်သိမ့်ဆုပေါင်း ၂ဝ ဆုသို့ တိုးမြှင့်သတ်မှတ် ချီးမြှင့်သွားမည်ဖြစ်ပြီး စုစုပေါင်း ဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်သိန်းပေါင်း ၂၅ဝ အား ချီးမြှင့် ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။

၃။ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တောင်သူ လယ်သမားကြီးများ အတွက် ဆုရ သီချင်းများ အနက် ရေရှည် တည်တံ့ခိုင်မြဲသည့် ဂန္ထဝင်မြောက် တေးသီချင်းအဖြစ် ရေးစပ် သီဆိုနိုင်ကြမည့် တေးသီချင်းများကို သီးခြား ထပ်ဆောင်း ဂုဏ်ပြုချီးမြှင့်သွားရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ပါသည်။
၎။ ပြိုင်ပွဲဝင် စည်းမျဉ်း၊ စည်းကမ်းများအား ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) တို့မှ မကြာမီ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

No comments:

Post a Comment

back to top