Wednesday, May 14, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် ၀က်လက် မြို့နယ်လွှတ်တော်အတွေ့ အကြုံရှင်း လင်းပွဲ သို့ တက်ရောက် အမှာ စကား ပြောကြား


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ၀က်လက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်သည် မေလ(၁၂)ရက်နေ့နံနက်(၀၈း၀၀)နာရီတွင် ၀က်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ပြည်ထောင်စုခန်းမတွင်ကျင်းပပြုလုပ်သော လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက် အမှာစ ကားပြော ကြားသည်။
အဆိုပါအခမ်း အနားသို့ စစ်ကိုင်းတိုင်းဒေသကြီး / ရွှေဘိုခရိုင်/ ၀က်လက် မြို့နယ်တို့မှ ပါတီအလုပ် အမှုဆောင်ကော် မတီဝင်များ၊ ၀က်လက်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ၀က်လက်မြို့နယ် အတွင်းရှိကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စုအထောက်အကူပြုအဖွဲ့များ၊ ပါတီစည်းရုံးရေးမှူးများ၊ ပါတီကျေးလက် လူငယ်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား(၄၅၀)ခန့် တက်ရောက်ကြသည်။

                          
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် ၀က်လက် မြို့နယ်လွှတ်တော်အတွေ့ အကြုံရှင်း လင်းပွဲ သို့ တက်ရောက် အမှာ စကား ပြောကြား


လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတွင် ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်မှ လွှတ်တော်အသီးသီးတွင်ပြဌာန်းပြီးသော ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ လွှတ်တော်ရံပုံငွေဖြင့်ဆောင် ရွက်ပြီးစီးပြီဖြစ်သော ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်း(၅၅)ခုနှင့်ပတ်သက်၍ လည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးမှ ၎င်းအတွင်းရေးမှူးအဖြစ်ဆောင်ရွက်နေသော မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖေါ်ရေး ကော်မတီ၏ ဆောင် ရွက်နေသောလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍လည်းကောင်း ရှင်းလင်းပြောကြား၍ သက်ဆိုင်ရာမြို့နယ် အဆင့် ဌာနဆိုင်ရာ(၆) ခုတို့မှ ဌာနအကြီးအကဲများက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် လျာထား လုပ်ငန်းများအခြေအနေများကို တက်ရောက်လာ ကြသူများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

back to top