ဘယ်လ်ဂျီယံ အသင်းမှာ ဂျာနူဇာ ရွေးခံရတဲ့ သတင်း
ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းနည်းပြ မာ့ခ်ဝီလ်မောက်စ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပဏာမ လက်ရွေးစင် စာရင်းကို အင်္ဂါနေ့က ထုတ်ပြန် ကြေညာခဲ့ရာမှာ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂျာနူဇာကိုလည်း ထည့်သွင်း ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ပဏာမ လက်ရွေးစင် စာရင်းမှာ ကစားသမား(၂၆)ယောက် ပါဝင်ပြီး ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားအများဆုံး ရွေးခံထားရပါတယ်။ ဂျာနူဇာဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မွေးဖွား ကြီးပြင်းခဲ့သူဖြစ်ပြီး၂၀၁၃-၁၄ရာသီ၊ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ မာ့ခ်ဝီလ်မောက်စ်က ’’ဒီကလေးဟာ ဘောလုံး ပါရမီရှင်လေးပါ။ ခြေစွမ်းထက်မြက်ပြီး အနာဂတ် အလားအလာ အများကြီးရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဟားလ်စီးတီးနဲ့ ကစားတဲ့ပွဲ(၂)ပွဲကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။ သူဟာ လက်ရှိမန်ချက်စတာယူနိုက်တက်ရဲ့ အကောင်းဆုံး လူငယ်ကစားသမား တစ်ယောက်ပါ။ အိမ်ကွင်းမှာ ပွဲတိုင်းနီးပါး ပရိသတ်(၇သောင်း)လောက်အရှေ့ကစားဖူးတဲ့ အတွေ့အကြုံက သူ့အတွက် အရမ်းတန်ဖိုး ရှိပါတယ်’’လို့ ချီးကျူးပါတယ်။
No comments:
Post a Comment