Wednesday, May 14, 2014

လူငယ် စစ်တုရင်ပြိုင်ပွဲများ ကျင်းပမည်

အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့မှ ကြီးမှူး၍ သက်တမ်းအလိုက် လူငယ်တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ ကျင်းပမည် ဖြစ်သည်။ သက်တမ်းအလိုက် လူငယ်တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲအား မေ၁၇ရက်မှ ၂၃ရက်အထိ ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းရှိ စစ်တုရင် အဖွဲ့ချုပ်ရုံးတွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားနည်းငါးမျိုး ထည့်သွင်းထားပြီး (၁၈)နှစ်၊(၁၆)နှစ် ၊ (၁၄)နှစ်၊ (၁၂)နှစ် နှင့် (၁၀)နှစ်အောက် လူငယ်ပြိုင်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးဇော်မင်းက“မျိုးဆက်သစ် လူငယ်ကစားသမားများ မွေးထုတ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပရခြင်း ဖြစ်တယ်။ အကောင်းဆုံး ကစားမားတွေကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က မျိုးဆက်သစ် လူငယ်ကစားသမားအဖြစ် ပြန်လည် မွေးထုတ်သွားဖို့ စီစဉ်ထား ပါတယ်”ဟု ပြောသည်။ ၎င်းသက်တမ်းအလိုက် လူငယ် စစ်တုရင်ပြိုင်ပွဲအား မေ ၁၇ရက်တွင် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်မည့် ကစားသမားများမှ မေ ၁၆ရက် နောက် ဆုံးထား၍ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်ရုံးသို့ စာရင်းပေးသွင်းရမည် ဖြစ်သည်။

No comments:

Post a Comment

back to top