Wednesday, May 14, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် ရွှေပန်းကုံးကျေးရွာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည်၂၀၁၄ - ခုနှစ်၊ မေလ(၁၁)ရက်နေ့ နေ့လည်(၁၂း၃၀)နာရီတွင် ၀က်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ မြောက်ကျောင်း ဘုန်း တော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်သော ဓမ္မရောင်ခြည် နွေရာသီဗုဒ္ဓ ဘာသာယဉ် ကျေးလိမ္မာ သင်တန်းဆင်း ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယဆုများချီးမြှင့်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရွှေပန်းကုံးကျေးရွာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့်စဉ်


အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး/ရွှေဘိုခရိုင်/၀က်လက်မြို့နယ်တို့မှ ပါတီအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရွှေပန်းကုံးကျေးရွာမှ ပါတီစည်းရုံးရေးမှူးနှင့်အလုပ်အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးလူငယ် များ၊ ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်သည်။
ရွှေပန်းကုံးကျေးရွာ ဓမ္မရောင်ခြည် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၄၀၀)ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ(၁)လကြာမြင့်၍ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှ ကြီးကြပ်သင်တန်းပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

back to top