Monday, May 12, 2014

ယူကေမှ ဆရာ ၅ဝ ဦး အင်္ဂလိပ်စာ သင်ကြားမှု အရည်အသွေး မြှင့် ရန် သင်တန်းပေးမည် 

မြန်မာနိုင်ငံ တစ်ဝန်းရှိ စာသင်ကျောင်းများတွင် ယူကေမှ ဘာသာစကား သင်ကြားမှု ဆရာ ၅ဝ သည် အင်္ဂလိပ်စာ သင်ကြားမှု အရည်အသွေး မြှင့်တင်ရန် နှစ်နှစ်စီမံကိန်း သင်တန်း ပို့ချမည်ဟု သိရသည်။
အဆိုပါ သင်တန်းကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် သြဂုတ်လ အထိ နှစ်နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ ''မြန်မာနိုင်ငံက တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတွေကို အရင်သင်တန်း ပေးမှာပါ။ သူတို့က အခြားဆရာတွေကို ပြန်ပြီး သင်တန်းပို့ ချမှာ ဖြစ်တယ်'' ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
၎င်းစီမံကိန်း၏ ကုန်ကျစရိတ်သည် ပေါင် ၄ ဒသမ ၂ သန်း(ဒေါ်လာ ၇ သန်း) ကုန်ကျမည်ဟု သိရသည်။ ကုန်ကျစရိတ်များကို ယူကေ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနနှင့် ဗြိတိသျှကောင်စီ (မြန်မာ)တို့မှ ညီတူညီမျှ ကျခံ မည်ဟု သိရသည်။
ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ စင်တာ၊ ပညာရေး တက္ကသိုလ် နှစ်ခုနှင့် ပညာရေး တက္ကသိုလ် ၁၉ ခုမှ အင်္ဂလိပ် ဘာသာပြ ဆရာ ၁၃ဝဝ အား သင်တန်းပေးမည်ဟု သိရသည်။

 

No comments:

Post a Comment

back to top