၎ ကီလို မီတာ အကွာ အဝေးထိ ပစ်ခတ် နိုင်သော ဒုံးကျည်များ ရဟတ်ယာဉ်တွင် တပ်ဆင်၍ အီရန် စမ်းသပ်မည်
အီရန်ကြည်းတပ်ဖွဲ့ရှိ ရဟတ်ယာဉ်များတွင် ၄ ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ် တိုက်ခိုက်နိုင်သော ဒုံးကျည်များအား တပ်ဆင်ထားကြောင်းနှင့် အဆိုပါ ဒုံးကျည်များအား မေ ၂၂ ရက်မှ ဇွန် ၂၁ ရက်အထိ ကျ ရောက်မည့်အီရန်ပြက္ခဒိန်၏ Khordad လတွင် Isfahan ပြည်နယ်၌ကျင်းပမည့် Beit ol-Moqaddas စစ်ရေး လေ့ကျင့်ခန်းတွင် စမ်းသပ်ပစ်ခတ်ရန် စီစဉ်ထားကြောင်း အီရန်ကြည်းတပ် မြေပြင်တပ်ဖွဲ့များ တပ်မှူး ဗိုလ်မှူးချုပ် Ahmad Reza Pourdastan က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် လက်ရှိ အီရန်ပြက္ခဒိန်နှစ် ကုန်ဆုံးမည့် ၂ဝ၁၅ ခုနှစ် မတ်လတွင် ခေတ်မီ စစ်ပစ္စည်းများ တပ်ဆင် ထားသော ရဟတ်ယာဉ် တစ်မျိုးကိုလည်း ထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားခဲ့သည်။ အီရန်နိုင်ငံသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက စစ်လက်နက်ပစ္စည်း တင်ပို့မှုနှင့် ပတ်သက်၍ အရေးယူ ပိတ်ဆို့ခဲ့ခြင်းကြောင့် ၁၉၈ဝ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သော အီရန်-အီရတ် စစ်ပွဲကာလအတွင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အစီအစဉ်တစ်ရပ် ချမှတ်ဖော်ဆောင်ခဲ့ကြောင်း၊ ၁၉၉၂ ခုနှစ် အချိန်မှစ၍ အီရန်နိုင်ငံသည် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ ဒုံးကျည်များ၊ ရေဒါများ၊ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရ သည်။
No comments:
Post a Comment