ပြည်သူ့လိုအပ်ချက်နှင့်ဒေသ လိုအပ်ချက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရေး ပြည်ခိုင်ဖြိုးပါတီ ၀င်များအား ပါတီ အထွေထွေအတွင်းရေးမှူးမှာကြား
ပြည်သူ့လိုအပ်ချက်၊ ဒေသလိုအပ်ချက်ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေ ထွေအတွင်း ရေးမှူး (ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးမောင်မောင်သိမ်းက တောင်ဥက္ကလာပမြို့နယ်တို့မှ ပါတီဝင် များအား တွေ့ဆုံမှာကြားသည်။
တွေ့ဆုံပွဲ အခမ်းအနားကို မေလ(၁၂)ရက်နေ့ နံနက် ၉ နာရီက တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ၌ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပါတီအထွေထွေအတွင်းရေးမှူးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးသာဝင်းနှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ပါတီကော်မတီဝင်များအပြင် ရုံးအဖွဲ့များတက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးမောင်မောင်သိမ်း က တောင်ဥက္ကလာပမြို့နယ်တို့မှ ပါတီဝင် များအား တွေ့ဆုံမှာကြားစဉ်
"၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်က အသင်းအဖြစ်စတင်ဖွဲ့စည်းစဉ်ကတည်းကပင် ဒေသလိုအပ်ချက်၊ ပြည်သူ့ လိုအပ်ချက်တွေဖြစ်တဲ့လမ်း၊ တံတား၊ ကျေးရွာ မီးလင်းရေးစတာတွေကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ အသင်းကိုအခြေခံညပီး ပါတီအဖြစ်ပြောင်းလာပေမယ့် အသင်းတုန်းက ဆောင်ရွက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေး ကိုဆက်လက်လုပ်သွားမယ်။ ပါတီတွင်း စည်းလုံးညီညွှတ်ဖို့ လိုပါတယ်။ တိုးချဲ့ဖွဲ့စည်းဖို့နဲ့ ခိုင်မာဖို့လည်းလို အပ်ပါတယ်။ Door to Door စနစ်ဖော်ဆောင်ပြီး ပြည်သူကိုစည်းရုံးနိုင်ဖို့လိုပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် ၂၀၀၈ ဖွဲကစည်းပုံအခြေခံဥပဒေကို အခြေခံ၍ကူးပြောင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်လျှင် မိမိတို့နိုင်ငံသည် သွေးထွက်သံယိုမှုမရှိဘဲကူးပြောင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အကောင်း ဘက်၌ ၈၈ ရာခိုင်နှုန်းရှိနေကြောင်း၊ International Republican Institure ၏လေ့လာမှုစာတမ်းတွင် ဖော်ပြထားကြောင်း ၄င်းကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင်သိန်းလင်းက ပါတီဝင်များကို အမှာစကား ပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးက၄င်းတို့မြို့နယ်တွင် Door to Door စနစ်ဖြင့် ဆောင်ရွက်နေမှုများ၊ ပါတီဝင်အင်အားအခြေအနေ၊ မြို့နယ်အတွင်းမဲပေးနိုင်သည့် ပြည်သူ့အင်အား၊ မြို့နယ်အတွင်း ရှိပြည်သူလူ ထုများကို ပါတီကဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကဖြည့်စွက် မှာကြားခဲ့သည်။
No comments:
Post a Comment