ပြည်ခိုင်ဖြိုးပါတီဝင်အင်အားတိုးချဲ့စည်းရုံးရန်နှင့် မူလပါတီဝင်များကိုလည်း ခိုင်မာ အောင်ပြု လုပ်ရန် လိုအပ် ကြောင်း ပါတီဝင်များအား ပါတီအထွေထွေအတွင်းရေးမှူး တိုက်တွန်း ပြော ကြား
ပြည်ခိုင်ဖြိုးပါတီဝင်အင်အားကို တိုးချဲ့စည်းရုံးရန်လိုအပ်ကြောင်းနှင့် ရှိပြီးသား ပါတီဝင်များကိုလည်း ခိုင်မာ အောင်ပြုလုပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူး (ရန်ကုန် တိုင်းဒေသ ကြီးတာဝန်ခံ) ဦးမောင်မောင်သိမ်းက မေလ(၁၃) ရက်နေ့တွင် မြို့နယ်လေးမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ပါတီဝင်များအားတိုက်တွန်းပြောကြား သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူး (ရန်ကုန် တိုင်းဒေသ ကြီးတာဝန်ခံ) ဦးမောင်မောင်သိမ်း တွေ့ဆုံပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်
ယင်းတွေ့ဆုံပွဲအခမ်းအနားကို မေလ(၁၃) ရက်နေ့ နံနက်(၉) နာရီတွင် ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌လည်းကောင်း၊ နံနက် (၁၀) နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌လည်းကောင်း၊ မွန်းတည့် (၁၂) နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌လည်းကောင်း၊ မွန်းလွဲ(၂)နာရီ တွင် ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌လည်းကောင်းကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဌာန၀န်ကြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်နှင့် မြို့နယ်အတွင်းရေးမှူးများ၊ စည်းရုံးရေးမှူးများနှင့် ပါတီဝင် များတက်ရောက်ခဲ့ကြသည်။
“ကျွန်တော်တို့ဘက်မှာလဲ ပါတီဝင်အင်အားတိုးချဲ့စည်းရုံးနိုင်ဖို့လိုတယ်၊ တိုးချဲ့စည်းရုံးနိုင်ဖို့အတွက်ကိုလဲ Door to Door Campaign နဲ့လဲလုပ်မယ်။ တစ်ဖက်ကလဲ Campaign လုပ်ရင်းနဲ့ စည်းရုံးရေးဆင်းမယ်။ တစ်အိမ်ထောင် တစ်ယောက်လောက်ကို အခိုင်အမာစည်းရုံးနိုင်ရင် ကျန်တဲ့ဟာတွေအကုန်ပါလာမယ်။ ပါတီဝင်တွေကို အင်အားတိုးချဲ့ပြီးစည်းရုံးပါ။ ရတလာတဲ့ပါတီဝင်တွေကို ခိုင်မာဖို့လိုတယ်။ ကိုယ့်ပါတီကို ကိုယ်ထောက်ခံပြီးတော့ ကိုယ့်ပါတီရဲ့ကိုယ်စားပြုကိုယ်စားလှယ်လောင်းကို မဲပေးဖို့သိပ်အရေးကြီးတယ်။ ဒါကြောင့် ၂၀၁၅ အတွက် အားလုံးဝိုင်းဝန်းကြိုးစားပြီးတော့ အကောင်အထည်ဖော်ကြပါလို့တိုက်တွန်းပြော ကြားလိုပါတယ်” ပြောကြားခဲ့သည်။
No comments:
Post a Comment