Thursday, May 15, 2014

3Dဇာတ်ကားသစ် ထပ်မံရိုက်ကူးလျက်ရှိသည့် One Direction



ကမ္ဘာ့ဂီတလောကတွင် လူငယ်ပရိသတ်အတော်များများ၏ အာရုံထားစိတ်ဝင်စားမှုကိုရရှိခဲ့သည့် One Direction ဂီတအဖွဲ့သည် ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သည့် This Is Us မှတ်တမ်းရုပ်ရှင်သရီးဒီဇာတ်ကား၏ နောက်ဆက်တွဲကို ဆက်လက်ရိုက်ကူးလျက်ရှိကြောင်းသိရသည်။
One Direction ဂီတအဖွဲ့၏ ပထမဆုံးသောမှတ်တမ်းရုပ်ရှင်ဇာတ်ကားဖြစ်သည့် This Is Us သည်တစ်ကမ္ဘာ့လုံးအတိုင်းအတာဖြင့် ရုံဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ပြီး အမေရိကန် ဒီဗွီဒီဈေးကွက်တွင် စံချိန်ချိုးနိုင်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

back to top