ဗီလာနိုဗာအတွက် လာလီဂါ ချန်ပီယံဆု ယူပေးလိုတယ်လို့ မက်ဆီ ပြောတဲ့ သတင်း
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဧပြီလအတွင်း ကွယ်လွန်သွားတဲ့ နည်းပြဟောင်း ဗီလာနိုဗာအတွက် ဒီရာသီလာလီဂါ ချန်ပီယံဖလားကို ဆွတ်ခူး ပေးချင်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ လီဘရက်စ်ဆပ်စ်မြို့မှာ ကျင်းပတဲ့ အခမ်းအနားပွဲတစ်ခုမှာ ပြောပါတယ်။ မက်ဆီဟာ လူငယ်ကစားသမား ဘ၀ကတည်းက ဗီလာနိုဗာ လက်အောက်မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိလာလီဂါ အမှတ်ပေးဇယား ရပ်တည်မှုအရ ရာသီပိတ် အိမ်ကွင်းပွဲစဉ်မှာ အဆင့်(၁)က အက်သလက်တီကိုမက်ဒရစ် အသင်းကို ဘာစီလိုနာနိုင်ခဲ့ရင် ရမှတ်တူ၊ ထိပ်တိုက်တွေ့ဆုံမှု လဒ်အသာနဲ့ ချန်ပီယံ ဖြစ်မှာပါ။မက်ဆီက ’’ဒီရာသီ လာလီဂါ ချန်ပီယံဖလားကို ကျွန်တော်တို့သာရခဲ့ရင် တီတိုအရမ်းကို ၀မ်းသာမှာ သေချာပါတယ်။ သူ့အတွက် ရည်ညွှန်းတာကို သိရင်ပိုပြီးတောင် စိတ်လှုပ်ရှားပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဘာစီလိုနာအသင်းကို အရမ်းချစ်တဲ့သူ တစ်ဦးဖြစ်လို့ပါပဲ။’’လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့(၂)ပတ်အတွင်း နိုင်ပွဲပျောက်ခဲ့တာကြောင့် ချန်ပီယံဆုကို လက်လွှတ် ရတော့မယ်လို့ ထင်ရပေမယ့် အဆင့်(၁)က အက်သလက်တီကိုမက်ဒရစ်ကပါ ရမှတ်တွေ ဆုံးရှုံးခဲ့လို့ ရာသီပိတ် နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံ ပြိုင်ဆိုင်မှု ပြင်းထန်နေတာ ဖြစ်ပါတယ်။
No comments:
Post a Comment