ကြို့ပင်ကောက်မြို့နယ် မဟာစန္ဒာသီဟ စေတီတော်တွင် နတ်စင်တရာကျောင်း တိုက် ဆရာတော် ဘန္ဒန္တ ပညာတေဇ ဦးဆောင်သော စတုဒီသာကျွေးမွေး ဧည့်ခံ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ ဒေသဒဟ သဗ္ဗသိန္ဓိ နတ်စင် တစ်ရာ ကျောင်းတိုက် အထူးသာသနာပြုဆရာတော် ဘန္ဒန္တ ပညာတေဇ ဦးဆောင်၍ အလှူရှင်များ ဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး နှင့် ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်းသော (၈၉) ကြိမ်မြောက် သစ္စာဓိဌာန် စတု ဒီသာ ကျွေးပွဲကို ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မဟာစန္ဒာ သီဟ စေတီတွင် မေလ ၂၄ ရက်က ကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဌေးဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိုဦး၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်စင်၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနန်းဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးခင်မောင်လွင်၊ ဦးကျော်ကျော် လင်း၊ ဦးရဲထွဋ်အောင်၊ ဦးအောင်နိုင်ဦး၊ ကြို့ပင်ကောက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များ၊ ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များ၊ စည်းရုံးရေးမှူး နှင့် ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင် များနှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အဆိုပါ (၈၉) ကြိမ်မြောက် သစ္စာဓိဌာန် စတုဒီသာ အလှူတော် မင်္ဂလာအောင်ပွဲ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၂၁ ဆူကို ကြွရောက်လာသော ပရိတ်သတ်များအား မဲနှိုက်၍ လှူဒါန်းပေးခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် အလှူရှင်များက မဲပေါက်သည့် ပရိတ်သတ်များအား တစ်ဦးချင်း အလိုက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ပင့်ဆောင်ပေးသည်။
စတုဒီသာကျွေးပွဲကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကျွေးမွေးဧည့်ခံခဲ့ရာ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင် ရပ်ကွက်၊ ကျေး ရွာများမှ ပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရား ဖူးပြည်သူများ၊ စုစုပေါင်း အင်အား ၂၅၀၀၀၀ ကျော် လာရောက်စားသုံးကြပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား ၁၀၀၀ ကျော် က လုပ်အားဒါနပြုပေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment