Wednesday, May 28, 2014

ဒဂုံမြို့သစ် အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေး သင်တန်း အမှတ်စဉ် (၅) ဆင်း

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ အမှတ် (၁၁၆၃) ရှိ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမတွင် ယနေ့ မေလ (၂၈)ရက် နံနက် ၀၈၅၀ နာရီအချိန်က လက်တွေ့စည်းရုံးရေး သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲပြုလုပ်သည်။ 
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော် မတီဝင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဦးခင်မောင်ထူး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင် နှင့် မြို့ နယ်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရှိ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြား ထားသည် ဧည့်သည်တော်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် သင်တန်းသား/သူများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်သည်။ 


အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ၀င် ဦးတင်အောင်မှ သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများမှ ပို့ချ လိုက်သော ဘာသာရပ်များကို လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်ရေးနှင့် စည်းကမ်းလိုက်နာသော ပါတီဝင်များဖြစ်ရေးအတွက် လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။
ယင်းနောက် သင်တန်းထူးချွန်ဆုများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း တို့က သင်တန်းသားများအား ပေး အပ်ခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များ အလှူငွေများ ပေး အပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ မြို့နယ် ပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင် နှင့် မြို့နယ်ပါတီ ကော်မတီဝင် ဦးလှမျိုး တို့က လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူးမှ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားကိုယ်စားလှယ်ထံသို့ ပေး အပ်ပြီး အခမ်းအနားကို ရပ်နားခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

back to top