ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် ကလေးဝမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများပါဝင်သည့် နေပြည်တော် လွှတ်တော်လေ့လာရေးခရီးစဉ် အဖွဲ့ဝင်များနှင့် တွေ့ဆုံနှုတ်ခွန်း ဆက်အမှာစကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယနေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် သင်တန်းကျောင်း ပြည်ထောင်စုခန်းမတွင်ကျင်းပသည့် နေပြည်တော်လွှတ်တော် လေ့လာရေးခရီးစဉ်လာရောက်ကြသော စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးဝမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ ပါဝင်သည့်အဖွဲ့များအား တွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားတွင် အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ ဦးသိန်းလှိုင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ် - ၈)၊ ဦးမင်းမင်းဇေယျာမြင့်(ဗဟိုကော်မတီဝင်)နှင့် ကလေးဝမြို့နယ်ပါတီမှ လေ့လာရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၁၀)ဦး တက်ရောက်ကြသည်။
ကလေးဝမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေပြည်တော်လေ့လာရေးခရီးစဉ်တွင် ကျား(၈၆)ဦးနှင့် မ(၁၅)ဦး စုစုပေါင်း(၁၀၁)ဦးလိုက်ပါလာပြီး နေပြည်တော် သတ္တဌာနဗုဒ္ဓဂါယာနှင့်ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြမည်ဖြစ်ပြီး လွှတ်တော်အဆောက်အဦးများ၊ ပါတီဌာနချုပ်၊ ၀ဏ္ဏသိဒ္ဓိအားကစား Complex ၊ Junction Center နှင့် ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်တို့ကို လေ့လာသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment