Wednesday, May 28, 2014

မြို့မဈေး သန့်ရှင်းသာယာလှပရေး ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်ကူညီ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မြို့လယ်တွင်တည်ရှိသော မြို့မဈေး သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းကို ယနေ့ မေလ (၂၈)ရက် နံနက် ၀၇၃၀ မှ ၁၂၀၀ နာရီအထိ ဆောင် ရွက်ခဲ့ရာ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးခိုင်ကြည်သာလှ နှင့် စည်ပင်သာယာဝန်ထမ်း (၁၀) ဦး၊ မြို့နယ် ကြက်ခြေနီ အဖွဲ့ ဝင် (၁၀) ဦး၊ သုံးခွမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် (၅၃) ဦး စုစုပေါင်း (၇၃) ဦးဖြင့် စုပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 
ယင်းသို့ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းကို နှစ်စဉ် တစ်နှစ် တစ်ကြိမ် ဆောင် ရွက်လေ့ရှိပြီး အပတ်စဉ် ဥပုသ်နေ့  ဈေးပိတ်ရက် များတွင် ဈေးသန့်ရှင်းရေး ကို ဈေးဝန်ထမ်းများဖြင့် ဆောင်ရွက်ကြောင်း သတင်းရရှိသည်။ 


No comments:

Post a Comment

back to top