ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ပိတ်သိမ်း
နေပြည်တော်မှ
ရန်ကုန်သို့ မေ ၁၂ ရက် ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့
သို့ ခရီးသည် ၄၆ ဦး တင်ဆောင်ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ
မော်တော် ယာဉ်သည် ညနေ ၆ နာရီ ၄၅ မိနစ်တွင် အရှိန်အထိန်းဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)
ကို စတင်တိုက်မိပြီး ၀က်လက်မီးရထားခုံးကျော် တံတားထိပ်ကို ထပ်မံတိုက်မိကာ တံတားအောက်သို့
တိုးကျတိမ်းမှောက်ခဲ့ သည်။
ယာဉ်ပေါ်၌
ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး အပါအ၀င် ခရီးသည် အမျိုးသား
၂၉ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၆ ဦး ပါရှိသည့်အနက် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး
လေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး၌ အမျိုးသား
၁၆ ဦး၊ အမျိုးသမီး ၁၂ ဦး၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး
ပေါင်း အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦး ဒဏ်ရာသီးသီးရရှိခဲ့ပြီး
ဆေးကုသမှု ခံယူလျက်ရှိသည်။
အဆိုပါ
ဖြစ်စဉ်နှင့် ပတ်သတ်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေးယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်း
နှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရေး၌ စနစ်တကျ
ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင်း ရာဇမင်းခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏
ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း
သယ်ယူပို့ဆောင်ရေး အဖွဲ့မှ ၂၀၁၄ ခုနှစ် မေ ၁၅ ရက်မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်း မေလ
၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment