ယူရိုငွေ တစ်မျိုးတည်းဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲ ကျင်းပ မည်
ပြည်တွင်းပြည်ပမှ
ကျောက်မျက်ကုန် သည်များအား ယူရိုငွေ တစ်မျိုးတည်းဖြင့် ရောင်းချမည့် (၅၁)ကြိမ်မြောက်
မြန်မာ့ကျာက်မျက်ရတနာပြပွဲကို ၂ဝ၁၄ ခုနှစ် ဇွန်လကုန်ပိုင်းတွင် နေပြည်တော်၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနမှ
သိရသည်။
ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲများကို ယူရိုငွေ
တစ်မျိုးတည်းဖြင့် ရောင်းချမည် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ၂ဝ၁၄ ခုနှစ် ဇွန် ၂၄
ရက်မှ ဇူလိုင် ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်း မနှင့် မြန်မာ့ ကျောက်မျက်
ရတနာ ပြတိုက်တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်
ရတနာပြပွဲ ဗဟိုကော်မတီမှ ထုတ်ပြန်ခဲ့ သည်။
''ယူရိုငွေနဲ့
သီးသန့်ရောင်းမယ့် ကျောက်မျက် ရတနာ အရောင်းပြပွဲပါ။ ဝင်ကြေးကလည်း ရင်ပွဲတွေက အတိုင်းပါပဲ။
အခုထိတော့ ဘာအချက် အလက်မှ အပြောင်းအလဲ မရှိသေးပါဘူး။ ဒီတစ်ခေါက်လုပ်တဲ့ပွဲက နိုင်ငံခြားသားတွေ
စိတ်ကြိုက်ဖြစ်မှာပါ''ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေးတိုင်းဒေသကြီး)
မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂ဝ၁၄
ခုနှစ် ဇန်နဝါရီလက နေပြည်တော်၌ မြန်မာငွေဖြင့်သာ ရောင်းချသည့် ကျောက်မျက်ပြပွဲ တစ်ခုကို
ကျင်းပခဲ့ကြောင်း သိရသည်။
No comments:
Post a Comment