Monday, May 12, 2014

ရွန်းနီသည် အင်္ဂလန် အသင်းနှင့်အတူ စံချိန်သစ် တင်နိုင်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း အလန်ရှီးယား ပြောဆို






မန်ယူအသင်းနှင့် အင်္ဂလန် တိုက်စစ်မှူး ရွန်းနီသည် လာမည့် ကမ္ဘာ့ဖလား ကဲ့သို့သော အဓိကပြိုင်ပွဲတွင် အသင်းနှင့်အတူ အကောင်းဆုံး အာရုံစိုက်ကစားကာ စံချိန်သစ်တင်နိုင်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း အင်္ဂလန် ကစားသမားဟောင်းဖြစ်သူ အလန်ရှီးယားက ပြောကြားခဲ့သည်။ အင်္ဂလန် ကစားသမားဟောင်း အလန်ရှီးယားက မန်ယူအသင်းနှင့် အင်္ဂလန်တိုက်စစ်မှူး ရွန်းနီသည် အင်္ဂလန်အသင်းနှင့်အတူ ဂိုးသွင်း စံချိန်တင်ထားသည့် ဂန္ထ၀င်ကစားသမားဟောင်း ဘော်ဘီချာလ်တန်၏ စံချိန်ကို ချိုးဖျက်နိုင်ပြီ ဖြစ်ကြောင်း ထောက်ခံ ပြောဆိုလိုက်သည်။ တိုက်စစ်မှူး ရွန်းနီသည် လက်ရှိတွင် အင်္ဂလန်အသင်း၌ ဂိုးပေါက် ပျောက်နေပြီး ၂၀၀၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် ပေါ်တူဂီအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်မှာ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံထားရသလို ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း ခြေစွမ်းပိုင်း ကျဆင်းနေခြင်းများကြောင့် အင်္ဂလန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားကဲ့သို့သော အဓိကပြိုင်ပွဲများတွင် ရုန်းကန်မှုများနှင့်သာ ရင်ဆိုင်နေခဲ့ရသူဖြစ်သည်။ အလန်ရှီးယားက မန်ယူအသင်းနှင့် အင်္ဂလန် တိုက်စစ်မှူး ရွန်းနီသည် ကမ္ဘာ့ဖလားလို အဓိကပြိုင်ပွဲ တစ်ခုတွင် အကောင်းဆုံး မလုပ်ပြနိုင်သေးသော်လည်း ၎င်း၏ လက်ရွေးစင် ကစားသမားဘ၀ မှတ်တမ်း စွမ်းဆောင်ရည်ကို မေ့ထား၍ မရကြောင်း၊ ၎င်းသည် အင်္ဂလန်အသင်းအတွက် ၃၈ ဂိုး သွင်းယူထားသူ ဖြစ်ကြောင်း၊ အင်္ဂလန် အသင်းနှင့်အတူ ဂိုးသွင်းစံချိန် တင်ထားသည့် ဂန္ထ၀င်ကစားသမားဟောင်း ဘော်ဘီချာလ်တန်၏ စံချိန်ကို လိုက်မီရန် ၁၁ ဂိုးအထိ လိုအပ်နေသေးကြောင်း၊ ၎င်းသည် ယခုလို စံချိန်မှတ်တမ်းကို ရိုက်ချိုးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ သို့သော် အင်္ဂလန်အသင်းအတွက် ၎င်းသည် အကောင်းဆုံး ကစားပြနိုင်ရန် လိုအပ်ကြောင်း၊ မိမိမှာ ရွန်းနီပရိသတ် ဖြစ်ပြီး ၎င်းသည် အင်္ဂလန်အသင်းအတွက် အကောင်းဆုံး ကစားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top