ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ငွေစာရင်းသင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ငွေစာရင်းသင်တန်းဖွင့်ပွဲကို မေလ (၁၁) ရက်နေ့ နံနက်(၉) နာရီက ပါတီရုံးခန်းမ၌ ကျင်းပသည်။ ယင်းငွေစာရင်း သင်တန်း ဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း (ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ)၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေ သကြီးပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း(ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ)ငွေစာရင်း သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စဉ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဆင့်ဆင့်သောပါတီတိုင်း၏ ငွေကြေးအသုံးစာရင်းများ စနစ်တကျဖြစ်ရေး၊ ရငွေ၊ သုံးငွေများစနစ်တကျဖော် ပြနိုင်ရေး၊ ရငွေသုံးငွေစာရင်းများကို တိကျမှန်ကန်စွာဖော်ပြ၍ အချိန်အခါမရွေး အစစ်ဆေးခံနိုင်သော ငွေစာရင်းများကို ဦးစီးရုံးအဖွဲ့များက ပြုစုဆောင်ရွက်ရေး အစရှိသည့်တိုကို အကျယ်တ၀င့် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုနှင့် မြို့နယ် (၄၅) မြို့နယ်တို့မှ ကော်မတီဝင်များနှင့် စားရေးဝန်ထမ်းများ စုစုပေါင်း (၉၆) ဦးတိုငွေစာရင်းသင်တန်းသို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် စီမံရေးရာ ဒုတိယ ဌာနမှူး ဘဏ္ဍာရေးတာဝန်ခံ ဒေါ်ဌေးဌေးနွဲ့က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်၍ စာရင်းပညာများ သင်ကြားပို့ချ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment