ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးသင်တန်းဆင်း
မွန်ပြည်နယ်ချောင်းဆုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်ခဲ့သော လက်တွေ့စည်းရုံးရေးသင်တန်းအမှတ်စဉ်(၄) ဆင်းပွဲအခမ်းအနားကို မေလ(၁၂) ရက်နေ့က ချောင်းဆုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်/ ခရိုင်/ မြို့နယ်ကော် မတီဝင်များ၊ သင်တန်းသား သင်တန်းသူအင်အား ၇၀ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ဆုရသင်တန်းသားသင်တန်းသူများကို ပါတီတာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇင်က သင်တန်းဆင်း အမှာစကားပြောကြားစဉ်
အဆိုပါသင်တန်းကို ငါးရက်ကြာဖွင့်လှစ်ခဲ့ပြီး စည်းရုံးရေးဘာသာရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ် အပါအ၀င် နိုင်ငံရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍစုံကို ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် ပါတီခေါင်းဆောင်များက လာရောက်ပို့ချပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment