ဝိသာခါကျောင်းအများအဖွဲ့ ရှင် ၁၀၈ ပါးစုပေါင်းအလှူမင်္ဂလာကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏( တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကျေး) အမျိုးသမီးဝိသာခါ ကျောင်းအမများအဖွဲ့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှင် ၁၀၈ ပါးစုပေါင်းရှင်ပြု အလှူတော်မင်္ဂလာကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးချုပ်၌ မေလ (၁၃) ရက်နေ့(ကဆုန်လပြည့်နေ့) နံနက်(၉) နာရီတွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပင့်သံဃာ (၂၇) ပါး၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ ပါတီကော်မတီ ၀င်များနှင့် ပါတီဝင်လူငယ်များတက်ရောက်ကာ အောင်မြေချမ်းသာကျောင်းဆရာတော် ဘဒ္ဒန္တသံဝကတွင် ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ထို့နောက် သာမဏေ (၁၀၈) ပါးနှင့် ပင့်သံဃာ (၂၇) ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခဲ့သည်။
No comments:
Post a Comment