ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဗန်းမော်ခရိုင် ရပ်/ ကျေး ပါတီဝင် လူငယ်များအား တာဝန်ပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး လူငယ်ရေးရာ တာဝန်ခံ မြစ်ကြီး နားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်သည် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးရားဝမ်းဂျုံးနှင့်အတူ ယခုလ (၉) ရက်က ဗန်းမော်ခရိုင်ရုံးခန်းမ၌ ကျင်းပသည့် ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တာဝန်ခံများအား တာဝန်ပေးအပ်ပွဲသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဗန်းမော်ခရိုင် ရပ်/ ကျေး ပါတီဝင် လူငယ်များအား တာဝန်ပေးအပ်စဉ်
အခမ်းအနားတွင် ခရိုင်/ မြို့နယ်လူငယ်တာဝန်ခံများက ရပ်ကွက်/ ကျေးရွာအလိုက် လူငယ်အင်အားဖွဲ့စည်း ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး လူငယ်ရေးရာတာဝန် ခံ ဦးသိန်းဇော်က ခရိုင်လူငယ်တာဝန်ခံအား ပါတီလူငယ်အလံပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်နယ် ကော်မတီများ၊ ခရိုင်အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူးများ၊ မြို့နယ်ကော်မတီ ၀င်များ၊ ရပ်ကွက်/ ကျေးရွာကော်မတီဝင်များနှင့် မြို့နယ်လေးမြို့နယ်မှ ပါတီဝင် လူငယ်အင်အား ၂၅၀ ခန်ပတက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment