Friday, May 2, 2014


ရခိုင်ပြည်နယ် ဂွမြို့၌ကျင်းပသည့် မျက်စိအလင်းအလှူပွဲ ပြည်ထောင်စု လွှတ်တော် နာယက တက်ရောက်အားပေးကျိန္တလီ၌ ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ


ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ဂွမြို့ ပြည်သူ့ဆေးရုံ၌ ဧပြီ ၂၉ ရက်က ကျင်းပသည့် တိပိဋက စက္ခုပါလအဖွဲ့၏ ခရီးစဉ်အမှတ် (၁၄)မျက်စိ အလင်း အလှူပွဲသို့ရောက်ရှိပြီး ဆေးရုံခွဲစိတ်ခန်း အတွင်း အငြိမ်းစား မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာအေးထွန်း ဦးစီးသည့် မျက်စိ ဆရာဝန်များ က မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်ကုသပေးမှုကို ကြည့်ရှုအားပေးကြ သည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယကသည် မျက်စိခွဲ စိတ်မှုခံယူ ပြီးသော လူနာများအား မျက်မှန်များ တပ်ဆင်ပေးပြီး ဆေးထုပ်များ လိုက်လံပေးအပ်ကာ အားပေးစကားပြောကြားပြီး မျက်စိအလင်းအလှူပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား နှုတ်ဆက်စကား ပြော ကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် မိသားစုက တိပိဋကစက္ခုပါလ အဖွဲ့၏ ခရီးစဉ် အမှတ် (၁၄) မျက်စိ အလင်းအလှူပွဲအတွက် ငွေကျပ်သိန်း ၁ဝဝဝကို ပေးအပ် လှူဒါန်းရာ ဒေါက်တာအေးထွန်း က လက်ခံသည်။
ဆက်လက်၍မျက်စိအလင်း အလှူပွဲအကျိုးဆောင်(၁၁)ပါးမြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရခိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒပါလက မျက်စိအလင်း အလှူပွဲ အောင်မြင်ဖြစ်မြောက်နိုင်ခဲ့ခြင်း အတွက် ဝမ်းမြောက်စကားမြွက်ကြား သည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် များဖြင့် ထွက်ခွာခဲ့ပြီး ဂွမြို့နယ် ဆပ်သွားတိုက်နယ် ကမ်းသာယာကျေးရွာ သို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက ကြို ဆိုကြ၍ နယ်မြေအခြေအနေ များကို တင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များ သည် မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ဂွမြို့နယ် ရတနာမြိုင် (ကုလားပြင်) အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းခန်းမ၌ ကျောင်း အုပ် ဆရာမကြီးနှင့် ဒေသခံ ပြည်သူတစ်ဦးက ကျောင်းအဆင့်မြှင့် တင်ရေးနှင့် ဒေသ၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာ ကဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထိုမှတဆင့် ပြည်ထောင်စုလွှတ်တော်နာယကသည် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ သို့ ရောက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဆရာဆရာမများ ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံသည်။
ထို့နောက် ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရွှေအောင်နှင့် မြို့မိမြို့ဖ ဒေါက်တာ မောင်မောင်ကြည် တို့က ဒေသ၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ကျိန္တလီ အခြေခံပညာ အထက်တန်းကျောင်း နှစ် (၅ဝ) ပြည့် ရွှေရတု အထိမ်းအမှတ် စာကြည့်တိုက် ဖွင့်လှစ်ရန်အတွက် အလှူငွေ ကျပ်သိန်း ၅ဝ ကို ပေးအပ် လှူဒါန်းရာ မြို့မိမြို့ဖ ဦးမောင်မောင်ကြည်က လက်ခံသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က တင်ပြချက်များ အပေါ် ဖြည့်စွက် အကြံပြုဆွေးနွေး တင်ပြပြီး ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြချက်များ အပေါ်ပြန်လည် သုံးသပ်ဆွေးနွေး နိဂုံးချုပ် အမှာ စကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

No comments:

Post a Comment

back to top