Friday, May 2, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုး သမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း တို့သည် ဧပြီ(၂၅) ရက် နံနက် (၈) နာရီ (၄၅) မိနစ် အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေး မှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များလိုက်ပါလျက် ဟင်္သာတမြို့၊ အိုင်ကြီးကျေးရွာနှင့် ဇလွန်မြို့နယ် ၀ါသလကျေးရွာ၊ ကျေးရွာချင်းဆက်လမ်းမှ အိုင်ကြီး ရွာလယ် ချောင်းကူးတံတား တည်ဆောက်ရေးလုပ်ငန်းသို့ သွားရောက်ကြည့် ရှုပြီး လုပ်အားပေး ဆောင်ရွက်နေကြသော ရွာသူရွာသားများကို တွေ့ဆုံ အားပေးသည်။




၎င်းနောက် အိုင်ကြီးရွာလယ်ချောင်းကူးတံတား တည်ဆောက်ရေးအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အဖွဲ့သည် ဇလွန်မြို့နယ် ၀ါသလကျေးရွာအနီး ပန်းတာသစ် တည်ဆောက်ခြင်း လုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး၊ ၀ါသလကျေးရွာ၊ ဂွေးထောက်ချောင်းကျေး ရွာ၊ သက်ရက်နှစ်ပင်ကျေးရွာ၊ မေဒုံကျေးရွာများမှ ပြည်သူများ၊ ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အလုပ်အမှုဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဟင်္သာတခရိုင်၊ ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလွင်က ဧရာဝတီ ဟင်္သာတ တာမိုင် (၁၇/၆)မှ (၁၈/၀) အတွင်း ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျမှု အခြေ အနေ မြစ်ကမ်းကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဦးဌေးသီးက မိမိတို့ လွှတ်တော် ကိုယ်စား လှယ်များသည် ပြည်သူများ အကျိုးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပါတီများသည်လည်း ပြည်သူများအတွက် အကျိုး ရှိသည့်လုပ်ငန်းများ ဆောင် ရွက်ပေးရန်ပင်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စုစုစည်းစည်းဖြင့် ဆောင်ရွက်၍ ပါတီဖွဲ့ကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေနှင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းပါဝင် ဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment

back to top