ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်ရေး အစည်း အဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ်တွေ့ဆုံပွဲနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်ရေးအတွက် ကျောက်ကြီးမြို့နယ်
ရပ်ကွက် ကျေးရွာ(၄၁)စု ရှိပါတီကော်မတီဝင်များအားတူညီဝတ်စုံပေးအပ်ပွဲအခမ်းအနားနှင့်လွှတ်တော် ကိုယ်စားလှယ် အမျိုးသား လွှတ်တော်ဦး သက်နိုင်ဦးနှင့်တွေ့ဆုံပွဲအခမ်နားကို မတ်လ(၁၅)ရက်နေ့ မနက်(၁း၀၀)ရီတွင်တွေ့ဆုံပွဲ အားစတင် ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အတွင်းရေးမှုး
ဦးလှဘုန်းနှင့်မြို့နယ်ပါတီ ကော်မတီဝင်အားလုံး စုံညီစွာတက် ရောက်ပြီး လူငယ်ပါတီဝင်များအားလူငယ်များရဲ့ စွမ်းဆောင်မှု့ဖြင်အနာဂါတ်မြန်မာနိုင်ငံတော်ကြီးကို
ယနေ့တက်ရောက်လာကြတဲ့လူငယ်ပါတီဝင် များမှ စီမံဆောင်ရွက်ကြရမှာဖြစ်ပြီး လာမည်(၂၀၁၅)မှာပါတီအောင်နိုင်ရေးအတွက်
မိမိပါတီဝင်လူငယ်များမှ စည်းလုံးညီညွှတ်ရန်အလွန်အရေးကြီးကြောင်း ယနေ့လူငယ်နောင်ခါ လူကြီးဆိုသလို
မိမိပါတီရဲ့ကောင်းမွန်တဲ့ မူဝါဒနှင့် ချမှတ်ထားတဲ့ လမ်းစဉ်များကို မိမိပါတီဝင်မှ လေးစားလိုက်နာပြီး
အများပြည်သူများရဲ့လိုအပ်ချက်များကို အစဉ်အားဖြင့် ကူညီဆောင်ရွက် ပေးသွားကြ ရမှာဖြစ်ကြောင်း ပြောကြားရင်း နေ့လည်(၁း၀၀)မှာ အဆိုပါ လူငယ်တွေ့ ဆုံပွဲကို
အောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
No comments:
Post a Comment