Thursday, May 15, 2014



တရုတ်နိုင်ငံ မြို့တော် တောင်ဘက်တွင် လေဆိပ်သစ် တည်ဆောက် မည်

တရုတ်နိုင်ငံ မြို့တော်တောင်ဘက်တွင် လေဆိပ်သစ်တစ်ခုတည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ပေကျင်းမြို့တော် နိုင်ငံတကာလေဆိပ်၌ လေယာဉ်အဆင်း၊ အတက်များပြားခြင်းကြောင့် လေဆိပ်သစ်ကို တည်ဆောက်ရန် လိုအပ်လာကြောင်း၊ အသစ်တည်ဆောက်မည့် လေဆိပ်သည် ဟီပေးပြည်နယ် နယ်စပ်ဒေသအနီးတွင် တည်ရှိမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက နှစ်စဉ်ခရီးသည် ၇၂ သန်းနှင့် လေယာဉ်တင်ကုန်ပစ္စည်းတန်ချိန် ၂ သန်းအထိ ၀န်ဆောင်ပေးနိုင်မည်ဖြစ်သည်။
၁၉၅၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော ပေကျင်းမြို့တော် နိုင်ငံတကာလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၈၀ အတွက် ၀န်ဆောင်မှုပေးရန် ဒီဇိုင်းပုံစံထုတ်ကာ တည်ဆောက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ခရီးသည် ၈၃ သန်းအထိ ၀က်ထွက်ခဲ့သည်။

No comments:

Post a Comment

back to top