နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပုံမှန်အစည်းအဝေးနှင့် မိုးဦးကာလသန့်ရှင်းရေးပြုလုပ်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၄/၂၀၁၄)
လပတ်ညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၀ ရက်က ကျင်းပသည်။
အစည်းအဝေးမကျင်းပမီ နံနက် ၉ နာရီတွင်
မြို့နယ်ပြည်ခိုင်ဖြိုးရုံးရှေ့မျက်နှာစာတွင် မိုးဦးကာလ ခြင်များပေါက်ဖွားမှု
နည်းပါးစေရန် အစည်းအဝေးတက်ရောက်လာသော စည်းရုံးရေးမှူးများနှင့် မြို့နယ်ကော်မတီဝင်များက
ပေါင်းမြက်များကို ရှင်းလင်းခဲ့ကြသည်။
ဆက်လက်၍ လပတ်ပုံမှန်ညှိနှိုင်းအစည်းအဝေးကို နံနက် (၁၀) နာရီ (၁၅)
မိနစ်တွင် ကျင်းပရာ မြို့နယ်အတွင်းရေးမှူး ကိုယ်စားမြို့နယ် ကော်မတီဝင်
ဦးဝင်းနိုင်က စည်းရု့းရေးမှူးများအား ပါတီဝင်များ တိုးတက်အောင် အားစိုဆောင်ရွက်ကြရာ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အား လုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး
စီးပွားရေးတာဝန်ခံ ဦးမောင်မောင်သန်းက စည်းရုံးရေးကိစ္စများကို
ဆွေးနွေးပြောကြားသည်။
ပုံမှန်အစည်းအဝေးနှင့် မိုးဦးကာလ သန့်ရှင်းရေးပြုလုပ်ပွဲသို့
မြို့နယ်ကော်မတီဝင်များနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း ၈၁
ဦးတက်ရောက်ကြောင်း သိရသည်။
No comments:
Post a Comment