Miss Philippines-Earth 2014 အဖြစ် ဂျေမီးဟာရယ်လ် ရွေးချယ်ခံရ
Miss
Philippines-Earth 2014 ပြိုင်ပွဲအား မေ ၁၁ ရက်က ဖိလစ်ပိုင် နိုင်ငံတွင်
ကျင်းပခဲ့ရာ ဆီဘူးမြို့သူ အလှမယ် ဂျေမီးဟာရယ်လ်က Miss Philippines-Earth
သရဖူကို ဆွတ်ခူး ရရှိခဲ့ ကြောင်း သိရသည်။ ဂျေမီးသည် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု
အနေဖြင့် Miss Earth ရွေးချယ်ပွဲတွင် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် အဆိုပါ အလှမယ် သည် တိရစ္ဆာန် အခွင့်အရေး
ဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ကြောင်း Miss Phillippines Earth ဝက်ဘ်ဆိုက် တွင်
ဖော်ပြချက် အရ သိရသည်။ သူမသည် တိရစ္ဆာန်များအပေါ် ညှဉ်းပန်း နှိပ်စက်ခြင်းကို
ဆန့်ကျင်သူ ဖြစ်ကြောင်း၊ အချို့သော သူများသည် တိရစ္ဆာန်များအပေါ်
ရက်ရက်စက်စက် ဆက်ဆံကြကြောင်း၊ သူမအနေဖြင့် တိရစ္ဆာန်များအပေါ် မေတ္တာ တရားထား၍
ဆက်ဆံ သင့်သည်ဟု ယူဆ မိကြောင်း ဂျေမီး က ပြောကြား ခဲ့သည်။ ဟာရယ်လ်သည်
ပြိုင်ပွဲဝင် အလှမယ် ၄၉ ဦးအနက် Miss Philippines-Earth အဖြစ် ရွေးချယ်
ခံရခြင်း ဖြစ် ကြောင်း သိရ သည်။
No comments:
Post a Comment