ကန်နိုင်ငံခြားရေး ၀န်ကြီးနှင့်
ပါလက်စတိုင်းသမ္မတ လန်ဒန် တွင် တွေ့ဆုံမည်
ပြီးခဲ့သည့်လက
ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ပျက်ပြား သွားပြီးနောက်ပိုင်း ပထမဆုံးအ ကြိမ်အဖြစ်
အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ပါ လက်စတိုင်း သမ္မတ မာမွတ်အ
ဘတ်စ်တို့ လာမည့် ကြာသပတေး နေ့တွင် လန်ဒန်မြို့၌ တွေ့ဆုံကြ မည်ဖြစ်သည်။
‘‘နိုင်ငံခြားရေးဝန်ကြီး
ဂျွန် ကယ်ရီဟာ ကြာသပတေးနေ့မှာ သမ္မတအဘတ်စ်နဲ့ လန်ဒန်မြို့ မှာ တွေ့ဆုံ ပါလိမ့်မယ်’’
ဟု ကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ မစ္စစ်ဂျွန်ပက်စကီးက
ထုတ်ပြန်ချက် တစ်ရပ်တွင် ပြော ကြားသည်။
ငြိမ်းချမ်းရေး
လုပ်ငန်းစဉ် အတွက် လမ်းဖွင့်ထားဆဲဖြစ် သော်လည်း ယခု အစည်းအဝေး ၏ ရည်ရွယ်ချက် မှာ
ပါလက်စ တိုင်းနှင့် ဆက်ဆံရေးအကြောင်း ဆွေးနွေးရန်ဖြစ်သည်ဟု မစ္စစ် ဂျွန်ပက်စကီးက
ပြောသည်။
ကန်နိုင်ငံခြားရေး
ဂျွန်ကယ် ရီမှာ သုံးနှစ်ကြာမြင့်လာပြီဖြစ် သော ဆီးရီးယားပဋိပက္ခနှင့်ပတ် သက်၍
အစည်းအဝေးပွဲတစ်ရပ် တက်ရောက်ရန် လန်ဒန်မြို့သို့ သွားရောက်ခြင်းဖြစ်သည်။ အမေ
ရိကန်၏ ထိပ်တန်းသံတမန်သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ကြား ဆွေးနွေးမှုများ
သုံးနှစ်ကြာ အဆက်ပြတ်နေမှုကို အဆုံးသတ် စေကာ ဇူလိုင်လအတွင်း နှစ်ဖက်
ဆွေးနွေးပွဲများ စတင်ရေးကြိုးပမ်း ခဲ့သည်။
သို့သော်
ကယ်ရီ၏ ငြိမ်းချမ်း ရေးကြိုးပမ်းမှုများ နောက်ဆုံး သတ်မှတ်ရက် ဧပြီ ၂၉ ရက်မတိုင်
မီကပင် လမ်းလွဲခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်း ခေါင်းဆောင် များက အပြန်အလှန်
စွပ်စွဲ ပြော ဆိုကာ ကိုးလကြာ ဆွေးနွေးပွဲများ အတွင်း ရရှိခဲ့သော ကတိက၀တ်
များကိုပင် ချိုးဖောက်ခဲ့ကြသည်။
‘‘ဒီအစည်းအဝေးဟာ
ငြိမ်း ချမ်းရေးဆွေးနွေးမှုတွေ ပြန်အ သက်သွင်းရေး ကယ်ရီရဲ့ နောက် ဆုံးကြိုး ပမ်းမှု
ဖြစ်နိုင်ပါတယ်’’ ဟု အမည်မဖော်လိုသော ပါလက်စ တိုင်းအရာရှိ တစ်ဦးက ပြောကြား သည်။
ကယ်ရီသည်
မတ်လအ တွင်းက အဘတ်စ်နှင့် ဂျော်ဒန် နိုင်ငံ အမ္မန်မြို့၌ နောက်ဆုံးတွေ့ ဆုံခဲ့ပြီး
ပါလက်စတိုင်း ရာမာလား မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထား စဉ် မထင်မှတ်ဘဲ
နေအိမ်ပေါင်း အလုံး ၇၀၀ ဆောက်လုပ်မည့် အစီအစဉ်ကို အစ္စရေးတို့က ကြေ ညာခဲ့ပြီး
ပါလက်စတိုင်း အကျဉ်း သားနောက်ဆုံးအသုတ် လွှတ် ပေးရန်လည်း ငြင်းဆန်ခဲ့သည်။
အစ္စရေးတို့၏ လုပ်ရပ်ကို ဒေါသ ထွက်ခဲ့သော ပါလက်စတိုင်းသမ္မ တ အဘတ်စ်ကလည်း ကုလသ မဂ္ဂ၏
စာချုပ်အဖွဲ့ ၁၅ ဖွဲ့သို့ ၀င်ရောက်ရေး ဆုံးဖြတ်ခဲ့သည်။ ယင်းနောက် ကယ်ရီလည်း စိတ်
ပျက်လက်ပျက်နှင့် အစ္စရေးနိုင်ငံ သို့ ပြန်မသွားတော့ဘဲ ဥရောပ မှတစ်ဆင့်
အမေရိကန်သို့ ပြန်
သွားခဲ့သည်။
No comments:
Post a Comment