Wednesday, May 14, 2014


American Express ဇာတ်ကားကို ကိုယ်တိုင်ထုတ်လုပ်၍ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရန် ချားလိုက်ဇ်သီရွန် ဆွေးနွေး လျက်ရှိ 

ဟောလီးဝုဒ်မင်းသမီးချော ချားလိုက်ဇ် သီရွန်သည် American Express ဒရမ်မာ ဇာတ်ကား တွင် ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ရန်နှင့် ထုတ်လုပ်ရန် အတွက် ဆွေးနွေး လျက်ရှိကြောင်း သိရသည်။
American Express ဇာတ်ကားကို The Square ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ နက်ရှ်အက်ဂါတန်က ရိုက်ကူးသွားမည် ဖြစ်ပြီး ၄င်းဇာတ်ကားကို ကိန်းစ်ရုပ်ရှင် ပွဲတော်တွင် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ သီရွန်သည် American Express ဒရမ်မာ ဇာတ်ကား ကို သူမ၏ Denver & Del- ilah ကုမ္ပဏီက ထုတ်လုပ်ရန် ဆွေးနွေးနေခြင်း ဖြစ်သည်။ သီရွန်၏ Denver & Del-ilah ကုမ္ပဏီက စာရေးဆရာမ ဆူဆန်နာ့ခ်ျကာ ဟာလန်၏ ရောင်းအား အကောင်းဆုံးစာအုပ် ဖြစ်သည့် Brain On Fire:My Month of Madness စာအုပ်ကို ဇာတ်လမ်းအဖြစ် ပြန်လည် ရိုက်ကူးခဲ့သည်။
သီရွန်သည် Seth Macfar Lane ၏ A Million Ways to Die in the West ဇာတ်ကား တွင်လည်း ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ပြီး  Dark Places ဇာတ်ကားတွင်လည်း Chloe Moretz ၊ ခရစ္စတီးနားဟန်ဒရစ်ခ် တို့နှင့်အတူ သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်

 

No comments:

Post a Comment

back to top