‘‘ကျွန်မချစ်သော’’အယ်လ်ဘမ်မှာ ခရီးသွား ကောင်မလေး အဖြစ် မြင်ရမယ့် မိုးဟေကို
ဘ၀အတွက်
အမှတ်တ ရတစ်ခုအဖြစ် ဖန်တီးထားသော ‘‘ကျွန်မချစ်သော’’ဟု အမည်ပေး ထားသည့်
ဓာတ်ပုံအမ်လ်ဘမ် တွင် ခရီးသွားနေသည့် ကောင်မ လေးတစ်ဦးပုံစံဖြင့်
မြင်တွေ့ရ မည်ဖြစ်ကြောင်း မိုးဟေကိုက ပြောသည်။
‘‘ဖိုတိုမော်ဒယ်ဆိုတာထက် ခရီးသွားနေတဲ့ ကောင်မလေး တစ်ယောက်၊
ကိုယ့်နိုင်ငံက အလှအပတွေ ကို ဖော်ညွှန်းချင် တယ်။ မြန်မာနိုင်ငံမှာအရမ်းလှတဲ့
နေရာတွေရှိတယ်။ သွားလို့လည်း မကုန်ဘူး။ ဒါပေမဲ့ အချိန်ရသ လောက်
ကိုယ်သွားလို့ရမယ့် နေရာဒေသတွေကိုသွားပြီး ရိုက် ကူးခဲ့တယ်’’ဟု
ယင်းဓာတ်ပုံအယ် ဘမ်စာအုပ်အကြောင်း မိုးဟေကို ကပြောသည်။
ယင်းအယ်လ်ဘမ်ကို ဘ၀ ခရီးတစ်လျှောက်တွင် အမှတ်တ ရတစ်ခုအနေဖြင့်
ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၌ နေထိုင် ကြသော တိုင်းရင်းသား၊
တိုင်း ရင်းသူများ၏ ရိုးရာဓလေ့ထုံးစံ များနှင့် ဒေသအလှအပများကို
လေ့လာချင်သောကြောင့် သွား ရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၃ မိုးရာသီအကုန်တွင် စတင်၍ တိုင်းရင်းသားလူမျိုးစုံနေထိုင်သော
နေရာဒေသအသီးသီး သို့ သွားရောက်ကာ ဓာတ်ပုံဆရာ လင်းထွန်း(Leopard)နှင့် သုံး
ပေါင်တို့ က ရိုက်ကူးခဲ့ပြီး ရိုက်ကူး စဉ်က ကြုံခဲ့ရသည့်အကြောင်းအ
ရာများကိုလည်း ဗီဒီယိုမှတ်တမ်း အနေဖြင့် အယ်လ်ဘမ်ထွက်ရှိချိန် တွင်
ထည့်ပေးမည်ဖြစ်ကြောင်း မိုးဟေကိုကပြောသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်နေ၍ တစ်လလျှင်
တစ်မြို့ခန့်သာ သွားရောက်ရိုက်ကူးနိုင် သောကြောင့် အချိန်ကြန့်ကြာခဲ့
ခြင်းဖြစ်ပြီး ဒေသအချို့တွင် ပြန်လည်ရိုက်ကူး ရဦးမည်ဖြစ်သော ကြောင့်
မည့်သည်အချိန် ထွက်ရှိနိုင်မည်ကို ပြောနိုင်ဦးမည် မဟုတ်ဟု ၎င်းကဆိုသည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ နေပိုင်ရိုက်ကူးသည့်
‘‘တကယ် ချစ်လို့ရူးခဲ့သည်’’ဇာတ်ကားတွင် အောင်ရဲလင်းနှင့် တွဲဖက်သရုပ်
ဆောင်ပြီး မာနကြီးသည့် မိန်း ကလေးတစ်ဦး၏ ဇာတ်ရုပ်ဖြင့်
သရုပ်ဆောင်နေကြောင်း မိုးဟေ ကိုကပြောသည်။
No comments:
Post a Comment