Wednesday, May 14, 2014

ပြခန်းပေါင်းတစ်ရာကျော်ပါမည့် ကားပြပွဲ လေးရက်ကြာ ပြုလုပ် မည်

မော်တော်ယာဉ်ပြခန်း ပေါင်း ၁၀၀ ကျော်ပါဝင်မည့် ကားပြပွဲကို ရန်ကုန်မြို့၌ မေလ ၁၆ ရက်မှ ၁၉ ရက် အထိ ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း Smart Business Group မှ သတင်းရရှိသည်။
MODERN LIVING EXPO နှင့် CAR SHOW ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် မော်တော် ယာဉ် အရောင်းပြခန်းများ၊ အေး ဂျင့်ကုမ္ပဏီများ၊ ကားအလှဆင် ပစ္စည်းရောင်းချသည့်ဆိုင်များ၊ ကားစက်ဆီနှင့် ချောဆီဆိုင်များ၊ ကားအသံပိုင်းနှင့် သက်ဆိုင်သည့် ဆိုင်များ  ကားအပိုပစ္စည်းရောင်း ချသည့် ဆိုင်များပြသရောင်းချ မည်ဖြစ်သည်။
ယင်းပြပွဲတွင် ကားအရောင်းပြခန်းများအပြင် အီလက်ထရွန်နစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များ၊ အထည် အလိပ်၊ စား သောက်ကုန်နှင့် ကွန်ပျူတာနှင့် အိုင်တီဆိုင်ရာပြပွဲများကိုပါ ဆက်စပ် ပြသရောင်း ချမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top