Wednesday, May 14, 2014

ရန်ကုန်- မန္တလေး အမြန် လမ်းနှင့် ပတ်သက်ပြီး အကြံပြု စာများ တိုးဂိတ် များတွင် ပေးပို့နိုင်

ရန်ကုန် မန္တလေး အမြန်လမ်းမကြီးကို ခရီးသွားပြည်သူများ၏ အကြံပြုချက်များ တောင်းခံ၍ ပြုပြင် သွားမည် ဖြစ်ကြောင်း ရန်ကုန်- မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ထံမှသိရ သည်။ အမြန်လမ်းမကြီးတွင် အသုံးပြု သွားလာနေကြသော ခရီးသွား မိဘပြည်သူများ အနေဖြင့် ခရီးစဉ်တစ်လျှောက် လမ်းအခြေအနေ ဆိုင်ရာ၊  တိုးဂိတ်များ၏ ဝန်ဆောင်မှုဆိုင်ရာ၊   ယာဉ် ရပ်နား စခန်းများနှင့် သန့်စင်ခန်းဆိုင်ရာ၊  လုံခြုံရေးဆိုင် ရာများအပေါ် အကြံပြုချက်များ တောင်းခံ သွားမည်ဖြစ်သည်။ အဆိုပါ အကြံပြုလွှာများကို တိုးဂိတ်များတွင် ပေးဝေ သွားမည်ဖြစ်ပြီး ခရီးသွားပြည်သူများက ခရီးစဉ် ကြုံတွေ့ရမှုအပေါ် ဖြည့်စွက်၍ တိုးဂိတ်များတွင် ပြန်လည်ပေးအပ်ကာ အကြံပြုနိုင်ကြောင်း သိရသည်။



No comments:

Post a Comment

back to top