နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင် စတင်လျှောက်ထားနိုင်ပြီဟု ဗဟိုဘဏ် အကြောင်းကြား
ရန်ကုန်၊ မေ ၂၆-ပြည်တွင်း၌ ကိုယ် စားလှယ်ရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်း များလုပ်ကိုင်နိုင်ရန်အတွက် ဗဟိုဘဏ်မှ
မှတ်ပုံတင်လျှောက်ထားရန် အကြောင်းကြားထားကြောင်း အဆိုပါ ဘဏ်လုပ်
ငန်းအသိုင်းအဝိုင်းမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်လုပ်ငန်း ၃၅ ခုရှိ ကြောင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ထုတ်ပြန်ချက်များအရသိရသည်။
ယင်းသို့
နိုင်ငံခြားဘဏ်များအ နေဖြင့် ပြည်တွင်းဘဏ်လုပ်ငန်းများ
ဆောင်ရွက်ခြင်းအတွက် ပြည်တွင်း ဘဏ်အချို့မှ စိုးရိမ်မှုများေ နသော်လည်း
ပြည်တွင်းဘဏ်လုပ်ငန်း ဖွံ့ဖြိုး ရေးအတွက် မဖြစ်မနေ ခွင့်ပြုပေးရ
မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင် အချို့ကဆိုသည်။
ယင်းသို့ခွင့်ပြုပေးလိုက်သည့်အတွက် ပြည်တွင်းဘဏ်လုပ်ငန်း များအား
တစ်စုံတစ်ရာထိခိုက်မည် မဟုတ်သော်လည်း ပြည်တွင်း ဘဏ်များမှ
ကျွမ်းကျင်ဘဏ်ဝန်ထမ်းများကို အဆိုပါဘဏ်များမှ လစာ အမြောက်
အမြားပေးကာခေါ်ယူပါက ကျွမ်းကျင် ဝန်ထမ်းဆုံးရှုံးမှုများ ဖြစ်လာနိုင် ကြောင်း
ဦးဖေမြင့်က ဆိုသည်။
လက်ရှိ အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့်
ထိုင်းနိုင်ငံတွင် ဘဏ်ငါးခုနှင့် စင်ကာပူနိုင်ငံတွင် ဘဏ် နှစ်ခုသာ
အင်အားကြီး ဘဏ်များအနေဖြင့်ရပ်တည်ကာ ဘဏ်လုပ်ငန်းများဆောင် ရွက်နေသော် လည်း
နိုင်ငံခြားဘဏ်များကို ကန့်သတ်ချက်များဖြင့် ဘဏ်လုပ်ငန်းလုပ်ကိုင်
ခွင့်ပေး ထားကြောင်း ပြည်တွင်း ဘဏ် လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ref;Democracy today Daily Newspaper
No comments:
Post a Comment