Monday, May 12, 2014

ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများတွေ တိုးမြှင့်လိုက်သည့် အမေရိကန် နိုင်ငံ

အမေရိကန်အစိုးရဟာ ဆီးရီးယားအစိုးရနဲ့ ဆက်စပ်နေတဲ့ လူ(၂၀၀)နီးပါးနဲ့ အဆောက် အအုံတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတယ်လို့သိရပါတယ်။ အိုဘားမားအစိုးရအဖွဲ့ဟာ ဆီးရီးသမ္မတ " ဘာရှားအာဆပ် " အစိုးရအပေါ် နောက်ထပ်စီးပွားရေး ပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပြီဖြစ်တယ်လို့ သိရ ပါတယ်။
အမေရိကန်နိုင်ငံ အနေနဲ့ ရုရှားဘဏ်တစ်ခု က အကြီးတန်း အမှုဆောင် အရာရှိတစ်ဦးနဲ့ ဆီးရီးယားအစိုးရအရာရှိ(၆)ဦးနဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ဆောင်မှု အားလုံးကို ရပ်ဆိုင်းဖို့အတွက် အမေရိကန် ဘဏ္ဍာရေးဌာနက ကြာသပတေး  နေ့မှာ အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်လိုက်တဲ့  Tempbank  ဟာ မော်စကိုမှာရှိပြီး အာဆပ်အစိုးရ ကို ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့နေတဲ့ ဘဏ်ဖြစ်တယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပိတ်ဆို့မှု ခံလိုက်ရတဲ့ ဆီးရီးယားအရာရှိ(၆)ဦးဟာ နိုင်ငံရဲ့ ဒုံးကျည် တိုးတက်မှု အစီအစဉ်မှာ ပါဝင်တဲ့ အတွက် အခုလို ဒဏ်ခတ်လိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ဆီးရီးယားအစိုးရနဲ့ ဆက်စပ်လုပ်ဆောင်နေတဲ့ သီးခြားစီးပွားရေး လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်း စု(၂)ရာကျော်ကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး " ဂျွန်ကယ်ရီ " နဲ့ ဆီးရီးယားအတိုက်အခံခေါင်းဆောင် " အာမတ်ဂျာဘား " တို့ဟာ ၀ါရှင်တန် ဒီစီမြို့မှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အစည်းအဝေးပွဲမှာ " ဂျွန်ကယ်ရီ " က ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်စေဖို့ အမေရိကန်နိုင်ငံ က နိုင်ငံရေး စေ့စပ်ဆွေးနွေးမှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါသည်။

 

No comments:

Post a Comment

back to top