Wednesday, May 14, 2014

မေ၃၁ ရက်နှင့်ဇွန်၁ ရက်နေ့ ချောင်းသာကမ်းခြေတွင် Beach Party အခမဲ့ရှိုးပွဲကျင်းပမည်




ဟစ်ဟော့ပ်အနုပညာရှင် ၁၁ ဦးနဲ့အတူ Beach Party ဖျော်ဖြေပွဲ ကို ချောင်းသာကမ်းခြေမှာ မေလ ၃၁ရက်နဲ့ ဇွန်လ ၁ရက်နေ့များမှာ အခမဲ့ဖျော်ဖြေပွဲပြု လုပ် သွား မှာဖြစ်ကြောင်း သိရပါတယ်။ ဒီ Beach Party မှာ ထွန်းထွန်း  (Examplez)၊ Snare၊  ၊ လွှမ်းပိုင်၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်း၊ ယုန်လေး၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ bobby soxer တို့ပါဝင်ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။
Beach Party အနေနဲ့ အခမဲ့ဖျော်ဖြေပွဲကျင်းပဖြစ်ပုံကို  ADMA  မီဒီယာမှ ကိုဝေမင်းမောင်က ” Beach Party ကျွန်တော်တို့ မြန်မာနိုင်ငံမှာနာမည်အကြီးဆုံး လူအစည်ကားဆုံး ချောင်းသာကမ်းခြေမှာ မိုးတွင်း ဝင်ခါနီးမှာ ပါတီလေးလုပ်တာပါ။ နောက်ခါနောက် ခါတွေမှာလည်း Beach Party  ပုံစံမျိုး ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားလုပ်ချင်တယ်။
စစချင်းဈေးကွက်အနေအထားကို လေ့လာတဲ့ သဘောအနေနဲ့ အခုတစ်ခေါက်ကို Free Show ပုံစံအပျော်ပုံစံနဲ့ လူဘယ်လောက်ထိလာမလဲဆိုတာကို စမ်းကြည့်တာပါ။ ဟိုတယ် ACE ရှေ့က သဲသောင်ပြင်မှာ မေ ၃၁ရက်နဲ့ ဇွန် ၁ရက်နေ့မှာ လုပ် မှာပါ။ ချောင်းသာကိုလာတဲ့လူတွေ အကုန်ပျော်ရွှင်ဖို့ လှလှပပ dancer တွေနဲ့ နိုင်ငံခြားက Beach Party လို ခံစားနိုင်ဖို့အတွက် စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

No comments:

Post a Comment

back to top