ဖိလစ်ပိုင်
နိုင်ငံ၏ နှစ်စဉ် ပြုလုပ်နေကျဖြစ်သော ၂ဝ၁၄ Miss Universe Philippines အလှမယ်
ရွေးပွဲကို မတ် ၃ဝရက် ညပိုင်းက အေရာနီတာကိုလီစီယမ် ခန်းမ၌ ကျင်းပခဲ့ရာ Binibining Pilipinas
Universe သရဖူ ဆုကို မေရီဂျင်း လက်စတီမိုဆာက ဆွတ်ခူး သွားခဲ့သည်ဟု သိရသည်။
အဆိုပါ
အလှမယ် ရွေးပွဲတွင် Binibining Pilipinas Tourism 2014 ဆုကို ပါရူးလ်ရှ
ကလည်းကောင်း၊ Binibining International 2014 ဆုကို
မေရီအန်နီဂွီဒေါ့သီ ကလည်းကောင်း၊ Binibining Pilipinas Intercontinental ဆုကို
မစ်ခရစ္စ တစ်ဖနီ ကလည်းကောင်း၊ Binibining Pilipinas Supranational 2014 ဆုကို
ယုဗ်သီမယ် ရီဆန်ဆန် တီယာပို ကလည်းကောင်း၊ 2nd Runner up ဆုကို မစ်ဟာနဆီဆန်
ကလည်းကောင်း၊ 1st Runner up ဆုကို မစ်လော်ရာ လာမန်က
လည်းကောင်း အသီးသီး ဆွတ်ခူး သွားခဲ့သည်ဟု သိရသည်။
အသက်
၂၅ နှစ်အရွယ်ရှိ လက်စတီမို ဆာသည် အေတီနီယို ဒီမနီလာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး
လက်ရှိတွင် နည်းပညာဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းတစ်ဦး အဖြစ်တာဝန် ထမ်းဆောင် လျက်
ရှိကြောင်း သိရသည်။
No comments:
Post a Comment