Tuesday, April 1, 2014


အငြင်းပွားနေသည့် နှစ်နိုင်ငံ ရေကြောင်း ပိုင်နက်အတွင်း တောင်ကို ရီးယားနှင့် မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား
တောင်ကိုရီးယား နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံအကြား အငြင်းပွား နေသည့် ပင်လယ်နယ်စပ် ရေပိုင်နက် အတွင်းသို့ မတ် ၃၁ ရက်က အမြောက်ကျည် ဆန်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ထုတ်ဖော် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ်သော စစ်ရေး လေ့ကျင့်မှု များကို မတ် ၃၁ ရက် နံနက်ပိုင်းတွင် စတင်ခဲ့ကြသည်။ ထိုကဲ့သို့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေချိန်တွင် ၄င်းတို့ ပစ်လွှတ်လိုက်သော အမြောက်ဆန် အချို့သည် တောင်ကိုရီးယား နိုင်ငံ၏ ရေပိုင်နက်များ အတွင်းသို့ ကျရောက်သွားခဲ့ရာမှ ၄င်းပစ်ခတ်မှုကို ပြန်လည် တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီး ယား နိုင်ငံဘက်မှ ၄င်းတို့၏ ကိုယ်ပိုင် အမြောက်များဖြင့် တုံ့ပြန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပူးတွဲ စစ်ဦးစီးချုပ်ဌာနမှ ထုတ်ပြန် ပြောကြားသည်။
ထို့အပြင် မြောက်ကိုရီးယား၏ အမြောက် ကျည်ဆန်များကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့တွင် အရေးပေါ် အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်ဟု သိရ သည်။

No comments:

Post a Comment

back to top