အီဂျစ် သမ္မတ ရွေးကောက်ပွဲကို မေလတွင် ကျင်းပမည်
အီဂျစ်နိုင်ငံတွင် သမ္မတ
ရွေးကောက်ပွဲကို မေ ၂၆ ရက်နှင့် ၂၇ ရက်တို့၌ ကျင်းပသွား မည် ဖြစ်ကြောင်း
ရွေးကောက်ပွဲ ကော်မရှင်က မတ် ၃ဝ ရက်တွင် ထုတ်ပြန် ပြောကြား သည်။ မေလတွင်
ပြုလုပ် မည့် အဆိုပါ ရွေးကောက်ပွဲ၌ ရှင်းလင်း ပြတ်သားစွာဖြင့် အနိုင်ရရှိသူ
မရှိပါက ဒုတိယအကြိမ် ရွေးကောက်ပွဲကို ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ထပ်မံပြုလုပ်
သွားမည်ဖြစ်ပြီး အနိုင်ရရှိမည့်သမ္မတသစ်ကို ဇွန်၂၆ရက်တွင်တရားဝင်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ရွေးကောက် ပွဲ ကော်မရှင်က ထပ်လောင်း
ပြောကြားသည်။
သမ္မတ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ မှတ်ပုံတင် စာရင်း ပေးသွင်းမှုကို
မတ် ၃၁ ရက်မှ ဧပြီ၂ဝ ရက်အထိ လက်ခံသွားမည် ဖြစ်ပြီး မဲဆွယ် စည်းရုံးမှုများ ကိုမူ မေ
၃ ရက်မှ ၂၃ ရက်အထိ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က
ပြောကြား သည်။
No comments:
Post a Comment