နိုင်ငံ ခြားသား ဧည့်သည်များ အတွက် မီးရထား လက်မှတ် များ မြန်မာ ကျပ်ငွေဖြင့်ရောင်းချ ပေးမည်
မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ဧည့်သည်များအနေဖြင့် မီးရထားဖြင့် မြို့တွင်း၊ နယ်ဝေး ဒေသ မျိုးစုံသို့ သွားလာရာတွင် ယခင်က ဒေါ်လာ၊ အက်ဖ်အီးစီ များဖြင့်
မီးရထား လက်မှတ် များဝယ်ယူခဲ့ရ သော်လည်း ဧပြီ ၁ ရက်မှစတင်၍
မြန်မာကျပ်ငွေဖြင့် မြို့တွင်း၊ နယ်ဝေးမီးရထား လက်မှတ် များ ဝယ်ယူ နိုင်
တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထား(သွားလာရေး) လက်ထောက် အထွေထွေ မန်နေ ဂျာ
ဦးကျော်ကျော်မျိုး ထံမှသိရသည်။ ဧပြီ ၁ ရက်တွင် နိုင်ငံခြား
ခရီးသွားများအား မြို့တွင်းမီးရထား လက်မှတ်များကို ခရီးသွား
ပြည်သူများနှင့်တန်းတူ မြန်မာငွေကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ တို့ဖြင့်လည်းကောင်း၊
နယ်ဝေးခရီး ရန်ကုန်-မန္တလေး မီးရထား လက်မှတ်များကို ရိုးရိုးတန်းအတွက်
မြန်မာငွေကျပ် ၄၆၅ဝ ဖြင့်လည်းကောင်း၊ အထက် တန်းအတွက် မြန်မာငွေကျပ် ၉၃ဝဝ
ဖြင့် လည်းကောင်း ရောင်း ချပေးမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment