Tuesday, April 1, 2014

မြန်မာ့ လေကြောင်းမှ ငှားရမ်းမည့် Boeing လေယာဉ်များကို ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ များသို့ ပထမဆုံး ပျံသန်းရန် GE မှ အကြံပြု

မြန်မာ့လေကြောင်းမှ ငှားရမ်းမည့် Boeing လေယာဉ်များကို ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ များသို့ ပထမဆုံး ပျံသန်းရန် လေယာဉ်ငှားရမ်းမည့် အမေရိကန် အခြေစိုက်  GE Capital Aviation Services မှ အကြံပြုထားကြောင်း မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။
အဆိုပါ မြန်မာ့ လေကြောင်းနှင့် General Electric(GE) ၏ လေယာဉ် ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေ ရှာဖွေခြင်းလုပ်ငန်းခွဲ တစ်ခုဖြစ်သည့် GE Capital Aviation Services တို့သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် Boeing လေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ယင်းတို့၏ အကြံပြုထားချက် ရှိသော်လည်း ပြေးဆွဲ ပျံသန်းမည့် ခရီးစဉ်များကို တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် Boeing လေယာဉ်များ အတွက် အခြေခံ လိုအပ်ချက်များကို Boeing လေယာဉ် ကုမ္ပဏီနှင့် ဆွေးနွေးလျက် ရှိသည်။ လေယာဉ်များ ရောက်ရှိလာပါက ပုံမှန်ခရီးစဉ်များ ပြေးဆွဲ ပျံသန်းသွား မည် ဖြစ်ပြီး သဘောတူ စာချုပ်အရ GE Capital Aviation Services သည် Boeing 737- 800 လေယာဉ် သစ် ခြောက်စင်းနှင့် Boeing 7378 MAX Model လေယာဉ် သစ် လေးစင်းကို ၂ဝ၁၅ ခုနှစ် ဇွန်လမှ စတင်၍ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ငှားရမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ လေကြောင်းသည် နိုင်ငံတကာသို့ National Flag Carrier အဖြစ် ပျံသန်းပြေးဆွဲ နိုင်ရေး  အမေ ရိကန် အခြေစိုက် GECAS က ကူညီရန် ကမ်းလှမ်းသည့် အတွက် Boeing Project အစီအစဉ် ကို ဆင့်ကဲ တင်ပြပြီး နိုင်ငံတော်၏ ခွင့်ပြုချက်အရ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်ပြီး  ၁၉၄၈  ခုနှစ်က စတင်ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top