Tuesday, April 1, 2014

ပီရူးနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဖြင့် လုပ်ငန်းရပ်ဆိုင်းရန် အမိန့်ချမှတ်ခံရ

တရုတ်နိုင်ငံ၏ အကြီး ဆုံးသတ္တုတွင်း ကုမ္ပဏီကြီးဖြစ် သော ချိုင်နယ်လ်ကို (Chinalco) သည် ပီရူးတွင်လုပ်ဆောင်နေ နေသော ၎င်း၏ ကမ္ဘာ့အကြီးဆုံး ကြေးနီစက်ရုံများထဲမှတစ်ခုတွင် စွန့်ပစ်အမှိုက် များမှ သဘာဝပတ် ဝန်းကျင်ထိခိုက်မှုတွေ့ရ၍ လုပ် ငန်းများကိုရပ်ဆိုင်းထားရန် သက် ဆိုင်ရာ အာဏာပိုင်များ၏ အမိန့် ချမှတ်ခံထားရသည်။
ချိုင်နယ်လ်ကို၏ ကုမ္ပဏီခွဲ ဖြစ်သော ချိုင်နယ်လ်ကို သတ္တု တူးဖော်ရေးကော်ပိုရေးရှင်းသည် ပီရူးနိုင်ငံ အလယ်ပိုင်းတွင် ကမ္ဘာ့ အကြီးဆုံးကြေးနီစက်ရုံများထဲမှ တစ်ခုဖြစ်သည့် တိုရိုမိုချိုကြေးနီ စီမံကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ် သည်။
ထို တရုတ် သတ္တုတွင်း ကုမ္ပဏီအား ပီရူး၏ သဘာဝပတ် ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အေဂျင်စီ OEFA က စုံစမ်းစစ် ဆေးမှုများလုပ်ရာတွင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်မှ ၂၀ ရက်အတွင်း ကြေးနီစီမံကိန်းအနီးမှ ဟွာခရိုကို ချာနှင့် ဟွာစကာချိုကာရေကန် များတွင် စီမံကိန်းမှစွန့်ပစ်သော ဓာတုအဆိပ်သင့်ရေများ ပါဝင်နေ သည်ကိုတွေ့ရ၍ ရေသန့်စင်မှု များမပြီးမချင်း စီမံကိန်းလုပ်ငန်း များကို ရပ်ဆိုင်းစေခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment

back to top