Tuesday, April 1, 2014


ယူကရိန်း နယ်စပ်ရှိ တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပေးရန် ရုရှား နိုင် ငံခြားရေး ဝန်ကြီး လက်ရော့ဗ်နှင့် ပြုလုပ်သည့် တွေ့ ဆုံ ဆွေးနွေးပွဲတွင် ဂျွန်ကယ်ရီ တောင်းဆို
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ရော့ဗ်တို့သည် ယူကရိန်းနိုင်ငံ အရေးနှင့် ပတ်သက်၍ မတ် ၃ဝ ရက်က ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဂျွန်ကယ်ရီက ယူကရိန်းပိုင်နက် အနီး တပ်စွဲထားသည့် ရုရှားတပ်ဖွဲ့ဝင် များအား ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ သည်ဟု သိရသည်။ ရုရှားနှင့် အမေရိ ကန် နှစ်နိုင်ငံ လုံးသည် ခရိုင်းမီးယား ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသအား ရုရှားက သိမ်းပိုက်မှုနှင့် ပတ်သက်၍ ဒေသ အတွင်း ဖြစ်ပေါ်လာသည့် တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် သဘောတူစာချုပ် တစ်ခုချုပ်ဆိုနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။

ယင်းနောက် ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် နှစ်နိုင်ငံ ဝန်ကြီးများက သဘောတူညီခဲ့ပြီး ယူကရိန်းအစိုးရသည် အဆိုပါ ဆွေးနွေးပွဲများ၌ ပါဝင်ရမည် ဖြစ်ကြောင်း ကယ်ရီနှင့် လက်ရော့ဗ် တို့ နှစ်ဦးလုံးက ပြောကြားခဲ့သည်။

 

No comments:

Post a Comment

back to top