Monday, March 3, 2014

ကျန်းမာရေးလုပ်ငန်းများတွင် စမ်းသပ်ခံလူနာများ မဖြစ်စေရေး လမ်းညွန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်း/ခရိုင်/မြို့နယ် ပါတီ ကော်မတီ ၀င်များနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ (၂၈) ရက်၊ နေ့လည် ၁၄၀၀ နာရီမှ ၁၆၁၀ နာရီ အထိ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်း လမ်းနှင့် ဆရာစံလမ်းထောင့်၊ အမှတ် (၉၀) ရှိ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.ပြည်ခိုင်ဖြိုး's photo.
ယင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်သော ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း နှင့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ယာယီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင် မြို့နယ်များ မှ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ
စုစုပေါင်း (၄၀) ဦး တက်ရောက်သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီ ယာယီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရေး မှူးများ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့မှဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် အခက် အခဲများကို တင်ပြဆွေးနွေးရာ တက်ရောက်လာသော ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများက ရှင်းလင်းဖြေကြား ဆွေးနွေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပါတီ်ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ရန်ုကုန် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင် ရွက်ကြသော လူမှုအဖွဲ့အစည်းများအနေဖြင့် မှတ်ပုံ တင်ထားသော ဆေးဝါး များကိုသာ အသုံးပြု၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်စေ လိုကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံ တင် ထားခြင်း မရှိသော ပြည်ပမှ တင်သွင်းလာ သည့် ဆေးဝါးများ အသုံးပြုခြင်းကို ကျန်းမာရေးစောင့်ရှောက်သည့် လူမှုအဖွဲ့အစည်းများ အနေဖြင့် ရှောင်ကြဉ်ဖို့ လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ ထိုင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေသည့် ပြည်သူများ ကို ပြည်ပမှ ဆေးဝါးကုမ္ပဏီကြီးများ၏ ဆေးဝါးစမ်းသပ်ရာ နေရာဒေသအဖြစ် အသုံးပြုရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်သည့် လူမှုအဖွဲ့ အစည်း များထံသို့ ဆေးဝါး လှူဒါန်းခြင်းများရှိပါက မှတ်ပုံတင်ထားခြင်းမရှိသော ဆေး ၀ါးများကို မှတ်ပုံတင်ပြီးမှ အသုံးပြုရန် လိုအပ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး ကို အလေးထား စောင့်ရှောက်ပေးရန် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ မှ ဆောင်ရွက်ပေးစေလိုကြောင်း တို့ကို အကျယ်တ၀င့် ရှင်းလင်းပြော ကြားပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ဆိပ်ကြီးခနောင်တို
ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကို ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီအတွင်းရေးမှူး ဦးရင်ထွေး ထံသို့ ပေးအပ်လှူဒါန်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top