အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ တစ်စုံတစ်ရာ သဘော တူညီမှု မရရှိပါက အစ္စရေး နိုင်ငံရပ်တည်ရေး အမေရိကန်၏ကြိုးပမ်းမှုများ ခက်ခဲသွားမည်ဟု အိုဘားမား ပြောကြား
အမေရိကန်
ဦးဆောင်သော အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များသည်
အောင်မြင်ခြင်း မရှိဘဲ သဘောတူညီမှု တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိပါက
အစ္စရေး နိုင်ငံ အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်း အလယ်တွင် သီးခြားရပ်တည်
နေခြင်းမှ ကာကွယ်ရန် အတွက် အမေရိကန် တို့၏ ကြိုးပမ်းမှု များသည်
ခက်ခဲလိမ့်မည် ဖြစ်ကြောင်း မတ် ၂ ရက်က ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးခန်း
တစ်ခုတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြားသည်။
အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် အပေါ်
အစ္စရေး ခေါင်းဆောင်များက အယုံအကြည် ကင်းမဲ့နေသော်လည်း ယင်းနိုင်ငံ၏
နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အီရန် အစိုးရနှင့် အနောက် နိုင်ငံများ
အကြား သဘော တူညီမှု ရရှိရန် လုပ်ဆောင်ရာတွင် ၎င်းတို့အား အချိန်ပေးရန်
လိုအပ်ကြောင်း အိုဘားမားက ဆက်လက် ပြောကြားခဲ့သည်။ အလားတူ အစ္စရေး-
ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များနှင့် စပ်လျဉ်း၍ အမေရိကန်
နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အစွမ်းကုန် ကြိုးပမ်း နေစဉ်တွင် သဘော
တူညီမှု တစ်ရပ် ချမှတ်နိုင်မည့် အခွင့်အရေးကို မလွတ်တမ်း
ဆုပ်ကိုင်သင့်ကြောင်း နေတန်ယာဟုအား အိုဘားမား က တောင်းဆိုခဲ့သည်။ ထို့ပြင်
ပါလက်စတိုင်း အစိုးရသည် အစ္စရေး နိုင်ငံအား မည်ကဲ့သို့သော တုံ့ပြန်မှုများကို
လုပ်ဆောင်သွားမည် ဆိုသော အချက်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း
သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေများတွင် အစ္စရေး အစိုးရက အခြေခံ
အိမ်ရာများ တိုးချဲ့ဆောက်လုပ် နေခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတကာ
ခုံရုံးတွင် ခုံဖွဲ့ စစ်ဆေးရန် ပါလက်စတိုင်း တို့၏ ခြိမ်းခြောက်မှုကို
အစ္စရေး အစိုးရက ရင်ဆိုင် နေရကြောင်း သိရသည်။
No comments:
Post a Comment