Monday, March 3, 2014

ဒူဘိုင်း အိုးပင်း တင်းနစ် ချန်ပီယံ ဖလား ဖက်ဒါးရား ခြောက်ကြိမ်မြောက် ဆွတ်ခူး
ဆွစ်ဇာလန်နိုင်ငံမှ တင်းနစ် ကစားသမား ရော်ဂျာ ဖက်ဒါးရားသည် မတ် ၁ရက်က ယှဉ်ပြိုင် ကစားခဲ့သော ဒူဘိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်တွင် ချက်စ် သမ္မတ နိုင်ငံ မှ သောမက်စ်ဘာဒိုက်ခ်ျကို အနိုင် ကစားပြီး ချန်ပီယံ ဖလား နှင့်အတူ ဆုငွေ အမေရိကန် ဒေါ်လာ ၄၆၅၈၃ဝကို ဆွတ်ခူးရရှိ သွားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ATP အဖွဲ့၏ အဆင့်သတ်မှတ်ချက် အရ ကမ္ဘာ့နံပါတ် ၈အဆင့်ရှိ ဖက်ဒါးရားသည် ဘာဒိုက်ခ်ျကို (၃-၆)၊ (၆-၄)၊ (၆-၃)မှတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံ ဖလား ဆွတ်ခူး ရရှိ သွားခြင်း ဖြစ်သည်။
အသက် ၃၂နှစ်အရွယ်ရှိ ဖက်ဒါးရား ယခု ဆွတ်ခူး ရရှိခဲ့သော ချန်ပီယံဆုသည် ဒူဘိုင်း အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ခြောက်ကြိမ်မြောက် ဆွတ်ခူး ရရှိသည့် ချန်ပီယံ ဖလားဖြစ်ပြီး ဒူဘိုင်း အိုးပင်းတင်းနစ် ပြိုင်ပွဲ၏ သမိုင်းတွင် ချန်ပီယံဆု ခြောက်ကြိမ် ဆွတ်ခူး ရရှိသည့် ပထမဆုံးသော တင်းနစ် ကစားသမား တစ်ဦး ဖြစ်လာ ခဲ့သည်ဟု သိရသည်။
Ref: မြ၀တီ

No comments:

Post a Comment

back to top