Monday, March 3, 2014

စက္ကန့်ပိုင်းအတွင်း အရေပြား ကင်ဆာကို ရှာဖွေ တွေ့ ရှိနိုင်သည့် ကင်မရာ အမျိုးအစားသစ် တစ်မျိုး သုတေသီများ တီထွင်ဖန်တီး

ဖင်လန်နိုင်ငံ နည်းပညာဆိုင်ရာ သုတေသနဌာနမှ သုတေသန ပညာရှင်များသည် အရေပြားကင်ဆာ ကနဦးအဆင့်ကို တိုင်းတာနိုင်စွမ်းရှိသည့် hyperspectral ကင်မရာ တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ ကြောင်း ယင်းနိုင်ငံထုတ် နေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သည့် Helsingin Sanomat သတင်းစာတွင် ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ဖော် ပြောကြားထားသည်။


၎င်းကင်မရာဖြင့် တစ်ကြိမ် ရိုက်ကူးပါက အရေပြားဧရိယာ ၁၂ စတုရန်း စင်တီမီတာထိ ရိုက်ကူးနိုင်ပြီး အရေပြားကင်ဆာ ဖြစ်ပွားခြင်း ရှိ၊ မရှိကိုလည်း ရှာဖွေနိုင်ကြောင်း၊ ၎င်းအပြင် မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲသည့် Lentigo malignas ကဲ့သို့ အရေပြား အတွင်းရှိ အကျိတ်များကို ရှာဖွေရာတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
သို့သော် ၎င်းကင်မရာနှင့် ပတ်သက်၍ ကနဦးဆန်းစစ်မှုများကို အသေးစိတ် လေ့လာ စောင့်ကြည့်လျက် ရှိကြောင်း ဟယ်လ်ဆင်ကီ ဗဟိုတက္ကသိုလ်ဆေးရုံမှ ဆရာဝန် တစ်ဦးဖြစ်သူ Noora Neittaanmaki- Perttu က ပြောကြားခဲ့သည်။
အဆိုပါ ကင်မရာသည် ပုံထွက်အား ကောင်းသဖြင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန လုပ်ငန်းများတွင် အသုံးပြုသည့် မောင်းသူမဲ့ လေယာဉ် များ၌ ကောင်းစွာ အသုံးပြုနိုင်ကြောင်း ကင်မရာတီထွင်သူ Heikki ၏ ပြောကြားချက် အရ သိရသည်။

 

No comments:

Post a Comment

back to top