မြန်မာနိုင်ငံ၏
စီးပွားရေးကဏ္ဍ တိုးတက်လာမှုနှင့်အတူ ရန်ကုန်မြို့သည် ဖွံ့ဖြိုးတိုးတက်မှု၏ အခြိမ်း ခြောက်ခံ
အမွေအနှစ်ဒေသအဖြစ် ၂ဝ၁၄ ခုနှစ်တွင်စောင့်ကြည့် စာရင်းထည့်သွင်းခဲ့ကြောင်း
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ
သန့်မြင့်ဦးက ပြောကြား ခဲ့သည်။
ရန်ကုန်မြို့တော်အတွင်း ရှေးဟောင်းသမိုင်းဝင်
ထိန်းသိမ်းစောင့်ရှောက်ရမည့် အဆောက်အအုံ များမှာ နေရာများစွာ၌ ရှိနေပြီး
ဖွံ့ဖြိုးတိုးတက်မှု အရှိန်ရ လာသည်နှင့်အမျှ ထိန်းသိမ်းနိုင် မှု လျော့နည်းလာမည်ကို
စိုးရိမ်ရကြောင်း၊ ထို့အပြင် ရန်ကုန်မြို့၏ မြို့ပြစီမံ ခန့်ခွဲခြင်းသည်
မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အဓိက စိန်ခေါ်မှုများအနက် တစ်ခုအပါအဝင်
ဖြစ်ကြောင်း၊ ယင်းအတွက် နယူးယောက်အခြေစိုက် World Monuments Fund အဖွဲ့အစည်းမှ
စာရင်းထည့်သွင်း ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။ ''ရန်ကုန်သမိုင်းဝင်
မြို့လယ်ဝန်းကျင်ဟာ နိုင်ငံရဲ့ဘီလီယံချီတန်တဲ့ ပိုင်ဆိုင်မှုတွေအထဲက တစ်ခုပါ။
ဒီတန်ဖိုးကို
မှန်ကန်စွာ စီမံကိန်းချပြီး ခန့်ခွဲနိုင်ခြင်းက အာရှရဲ့ မြို့ကြီးတစ်မြို့အဖြစ်
အသွင်ပြောင်းစေ မှာ ဖြစ်ပါ တယ်''ဟု၎င်းက ပြောကြားခဲ့သည်။ ယင်းအတွက်
မြို့ပြအမွေအနှစ်များကို ထိန်းသိမ်း ရန် ဦးတည်သည့် ဖွံ့ဖြိုးမှု နည်း လမ်းများကသာ
ရန်ကုန်မြို့တော်ကို အာရှ၌ အလှပဆုံးနှင့် နေချင် စဖွယ်ကောင်းသော မြို့ကြီးတစ်မြို့
ဖြစ်လာစေမည်ဟု သုံးသပ်မိကြောင်း၊ လက်ရှိတွင်လည်း မြို့ပြအမွေ အနှစ်များကို
ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်
ပူးပေါင်းဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ရန်ကုန်မြို့ ပြ အမွေအနှစ်
ထိန်းသိမ်းရေး အဖွဲ့အစည်း (YHT) ကို၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက ဖွဲ့စည်းတည်ထောင်ခဲ့ပြီး
ရန်ကုန် မြို့ပြ အမွေအနှစ် ဗိသုကာလက်ရာများကို ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်
မြှင့်တင်ခြင်းတို့အပြင် ထိန်းသိမ်းခြင်း ကို ဦးစားပေးသည့် မြို့ပြဖွံ့ဖြိုးမှု
လမ်းစဉ်များကို အားပေးရန်နှင့် ဖော်ဆောင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း
တည်ထောင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment