အကြမ်းဖက်သမားများအား အပြစ်ပေးရန်နှင့် ဒဏ်ရာရရှိသူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဂရုတစိုက်ဆောင်ရွက်ရန် တရုတ်သမ္မတပြောကြား
တရုတ်နိုင်ငံ
ယူနန်ပြည်နယ် ကူမင်းမီးရထားဘူတာရုံ အကြမ်းဖက် တိုက်ခိုက်ခံရ
မှုနှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်
အစွမ်းကုန် ဖြေရှင်းရန်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန်နှင့်
အကြမ်းဖက်သမားများကို တရားဥပဒေနှင့် အညီ အပြစ်ပေး အရေးယူသွားရန် တရုတ် သမ္မတ
ရှီကျင့်ဖျင် က ညွှန်ကြားခဲ့ကြောင်း မတ်လ ၂ ရက် အင်တာနက် သတင်းတစ်ရပ်အရ
သိရသည်။
မတ်လ ၁ ရက် ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင် ကူမင်းမီးရထား
ဘူတာရုံလက်မှတ် အရောင်းခန်းမနှင့် စင်္ကြံတို့၌ အကြမ်းဖက်သမား ၁ဝ
ဦးကျော်ခန့်သည် ခရီးသွား ပြည် သူများအား တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂၈ ဦး
သေဆုံးခဲ့ပြီး ၁၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့၏
ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက် သမား ငါးဦး သေဆုံးခဲ့ပြီး
ကျန်အကြမ်းဖက်သမားများကို လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
ထိခိုက် ဒဏ်ရာ ရရှိသူများအား ကုသပေးရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ
ဂရုတစိုက်ဆောင်ရွက်ပေးရန် ရှီကျင့်ဖျင် က ပြောကြားခဲ့သည်။ ထို့အပြင်
ရှီကျင့်ဖျင်က သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေဖြင့် အကြမ်းဖက် သူများ၏
လှုပ်ရှားမှုများကို ထိထိရောက်ရောက် နှိမ်နင်းဖြိုခွဲရန်နှင့် အကြမ်းဖက်မှု
တိုက်ဖျက်ရေး လုပ်ငန်းများ ကို ဆောင်ရွက် ရာတွင် အထူးသတိထားရန်
ညွှန်ကြားထားကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများကိုလည်း အကြမ်းဖက်
နှိမ်နင်းမှု လုပ်ငန်းများအား ကြီးကြပ်ရေး ယူနန်ပြည်နယ်သို့
သွားရောက်ရန်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ၎င်းတို့၏ ဆွေမျိုးများထံသို့
သွားရောက်ရန် တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment